Tuesday, December 2, 2014

ကိုရီးယားရောက်ရောသားတို့အဖွဲ့ ၅ ကြိမ်မြောက် ပရဟိတခရီး


စေတနာရှင် အလှူ ရှင်များသိပြီးတဲ့အတိုင်း ရောသားတို့အဖွဲ့ဦးဆောင်းပြီး ဆောက်လုပ်နေတဲ့ ပဲခူးတိုင်း သင်္ခရိုင် မိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးကျောင်းရှိ ကလေးများနေထိုင်ရန်ကျောင်းဆောင်အတွက်
လိုအပ်သည်များ ဖြည့်စီးရန်နှင့် စေတနာရှင်များအတွက် လှူဒါန်းမှုများကို သာဓုခေါ် ရေစက်ချရန်အတွက် ကိုရီးယားနိုင်ငံတွင်ခေတ္တရောက်ရှိနေသော ကိုမင်းသီဟ(ရောသားတို့အဖွဲ့) သည် ကိုရီးယားနိုင့်ငံမှ ယခုလ ၁၃ ရက်နေ့တွင် ထွက်ခွါမှာဖြစ်ပါတယ်.........အမိမြန်မာပြည်သို့ရောက်ရှိပြီး.......2015 ဇန်န၀ါရီလ ၇ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက်စောစောတွင် အားရှတော်ဝင်ဆေးရုံမှ ညီမငယ်လေးများနဲ့ သင်္ခရိုင် မိဘမဲ့ကျောင်းသို့ စတင်ထွက်ခွါမှာဖြစ်ပါတယ်........ သို့ပါသောကြောင့် ကိုယောရေ ကျောင်းဆောက်ဖို့အတွက် ဘယ်အချိန်ထိလှူလို့ရပါသေးလဲ ဘာတွေကောလှူလို့ရပါသလဲဆိုတဲ့ အလှူရှင်များရေ ကျောင်းဆောက်ဖို့ဆိုရင်တော့ ၂၀၁၅ ဇန်န၀ါရီ ၅ ရက်နေ့အထိ ပေးပို့လှူဒါန်းနိုင်ပါသေးတယ် အလှူငွေမှမဟုတ်ပါဘူး....မိဘမဲ့ကလေး ၂၁၆ ယောက်ရှိပါသောကြောင့် ကလေးများအတွက် ကျောင်းသုံးပစ္စည်းများ အ၀တ်အထည်များ အစားအသောက်များလဲ ပေးပို့လှူဒါန်းနိုင်ပါတယ်ဆိုတဲ့အကြောင်း ထပ်မံအသိပေးလိုက်ရပါတယ်ခင်ဗျာ.....ယခုလို မိဘမဲ့ကလေးများရဲ့ နှလုံးသားမှာ ဘုရားတည်နိုင်အောင် ၀ိုင်းဝန်းကူညီ ပါဝင်လှူဒါန်ပေးကျသော ရောသားတို့အဖွဲ့သားများနှင့် ၇ပ်နီးရပ်ဝေးမှ စေတနာရှင်များကိုလဲ အထူးပင်ကျေးဇူးတင်မိပြီးကြည်နူးပီတိဖြစ်မိကာသာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်.......ကျနော်တို့ရောသားတို့ရင်ထဲမှာပင်ဒီလောက်ကျေနပ် ၀မ်းသာပီတိဖြစ်မိတာ ကျောင်းဆောင်တလုံးနေထိုင်ခွင့်ရတဲ့ ကျောင်းထိုင်ဆရာတော်နှင့် မိဘမဲ့ကလေးများရဲ့ ၇င်မှာ ဘယ်လောက်ပင် ကြည်နူးပီတီဖြစ်ကြမလဲဆိုတာစာဖတ်သူအပေါင်း ခံစားမိမှာပါ........စေတနာရှင်အပေါင်း နှလုံးစိတ်ဝန်းအေးချမ်းပြီးနောင်လဲဒီထက်အဆပေါင်များစွာလှူဒါန်နိုင်ကြပါစေ ကိုယောမြေ(ကိုရီးယားရောက်ရောသားတို့အဖွဲ့)

မှတ်မိတယ်နော် သင်္ခရိုင်မိဘမဲ့ပရဟိတကျောင်းသို့
ပရဟိတခရီး 2015 ဇန်န၀ါရီ ၇ ရက်

No comments:

Post a Comment