Thursday, October 30, 2014

သို့ ကိုရီးယားက ကိုကိုညီညီများ



ယခု အချိန်ဟာဖြင့် ဆောင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပါသောကြောင့် အပူပိုင်းဒေသက လာရောက် လုပ်ကိုင်ကြသော မြန်မာအလုပ်သမားများအတွက် မိမိကိုယ် မိမိ အထူးဂရုစိုက် ဖို့လိုမယ်ထင်ပါတယ် ကျနော် ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူး မသိသောသူများအတွက်

၃နှစ်တာရှိပြီဖြစ်သောကျနော်က တွေ့ကြုံသမျှလေးကိုမျှဝေချင်းသာဖြစ်ပါတယ်.. အအေးချိန်က တဖြေးဖြေးနဲ့ တိုးလာပြီ ဖြစ်ပါသောကြောင့် ရေကို စောစီးစွာချိုးဖို့လိုအပ်ပါမယ် ရေချိုးတဲ့အခါမှာလဲ ရေပူကိုတအားမသုံးဘဲ နွေးယုံလောက်ဆိုရမယ်ထင်ပါတယ် ဘာလို့လဲဆိုတော့ ရေပူတအားသုံးမယ်ဆိုရင် သင်တို့မျက်လုံးကိုတဖြေးဖြေးနဲ့မှုံဝါးစေပါတယ်
အရမ်းအေးတဲ့အချိန်မှာ သင့်နှာခေါ့င်းကလဲ သွေးများ ကျလာတတ်ပါတယ် သိပ်တော့မစိုးရိမ်ပါနဲ့ ဒါဟာရောဂါမဟုတ်ပါဘူး အေးလွန်းတော့ နှာခေါင်းထဲက သွေးကြောလေးတွေကပေါက်တာတာဖြစ်ပါတယ် အရမ်းညစ်ပြီးတော့နှာမချီတာကောင်းတယ်ဆိုပေမဲ့ နွေးထွေးစွာနေထိုင်ဖို့လိုအပ်ပါတယ်

ရာသီဥတုကအေးပြီဖြစ်ပါသောကြောင့် ကိုရီးမလေးတွေတောင်သောက်တာဘဲဆိုတဲ့ ဆိုဂျူးကို အလွန်အကျွံမသောက်ဖို့ တားမျက်ပါရစေဗျာ ကိုရီးယားလူမျိုးတွေက အအေးပိုင်းမှာနေတဲ့သူဆိုတော့ အပူပိုင်းမှာနေတဲ့ မြန်မာလူမျိုးများနဲ့ ခန္တာကိုယ်က တည်ဆောက်ပုံချင်းမတူကျပါဘူး ဒီလောက်ဆိုသဘောပေါက်မှာပါ
နောက်တခု အေးပါတယ်ဆိုပြီး အခန်းကိုအလုံပိတ် ကြမ်းခင်း ကိုအပူပေး နန်လိုဆိုတဲ့ အပူပေးစက်လဲဖွင့်ထားမယ်ဆိုရင် အခန်းအတွင်းမှာ အပူတွေများပြီး အသက်ရှူကျပ်ကာ နှလုံးခုန်ရပ်ပြီး အသက်ပါဆုံးရှုံးစေတတ်ပါတယ် င်္ဒီတော့ အဲလိုအခန်းက လုံနေမယ်ဆိုရင် သင့်ခြေရင်းမှာ ရေဇလုံ တခုတော့ထားသင့်ပါတယ်(ဒါမှ ရေငွေပျံကာအောက်ဆီဂျင်အပြည့်အ၀ခံစားရမှာမို့ပါ)
နောက်ထပ် သင်တို့အဆောင်မှာ ရေပိုက် အရမ်းအေးတဲ့အခါကျရင် ရေက အေးခဲလွန်းတော့ မလာဘဲဖြစ်တတ်ပါတယ် သို့ပါသောကြာင့် သင်တို့သုံးတဲ့အိမ်တွင်းက ရေပိုက်ခေါင်းတခုခုကို ရေမပိတ်ရအောင် ရေစက်လေးကျရုံ နဲနဲလောက်ဖွင့်ထားပေးပါ ရေကအသွားအလာရှိတော့ ရေအေးခဲချင်းမရှိပါဘူး

နွေးထွေးသော အ၀တ်အထည်များကို လုံလောက်စွာဝတ်ဆင်ထားဖို့ အထူးပြောပါရစေ
အအေးဒဏ်ခံနိုင်အောင်ဆိုပြီး မြန်မာ့စင်တာတို့ အသင်းအဖွဲ့အစည်းတွေကလဲ ဆောင်းရာသီ အအေးဒဏ်ကာကွယ်ဆေးကိုတနှစ်တစ်ကြိမ်လောက် အခမဲ့ ထိုးပေးတတ်ကြပါတယ် တစ်ယောက်စကားတစ်ယောက်မေးလို့စုံစမ်းပြီး အခွင့်သာရင် ထိုးထားဖို့ တိုက်တွန်းလိုက်ပါတယ်......ကဲ အားလုံးဘဲ ကျန်းကျန်းမာမာနွေးထွေးစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ............ဒီလောက်ဘဲ အတိုချုပ်ရေးလိုက်ပါတယ် (ကိုယောမြေ........ကိုရီးယားရောက်ေ၇ာသားတို့အဖွဲ့)

No comments:

Post a Comment