Monday, October 6, 2014

ကွန်ပျူတာကို ပိတ်မည့်အချိန်ကို ကြိုတင်သတ်မှတ်ထားခြင်း (ဆော့ဝဲမလို)



ကွန်ပျူတာကို အချိန်တစ်ခု ကြိုတင်သတ်မှတ်ပြီး ပိတ်ထားဖို့လိုရင်သုံးဖို့ပါ။ မိမိသတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့ အလိုအလျောက်ပိတ်သွားမှာပါ။ ဆော့ဝဲတွေတော့ရှိပါတယ် ခုနည်းကတော့ manual နည်းလေးဖြစ်ပါတယ်။ မသိသေးသူများအတွက်ပေါ့ဗျာ
 How To Make A Shutdown Timer!
********** METHOD 1 ***************
1.   Desktop မှာ RightClickထောက်"New=>shortcuts"ကိုသွားလိုက်ပါ။
2.    "Type the location of the shortcut"ဆိုတဲ့အကွက်မှာ
shutdown -s -t 3600 လို့ရိုက်ပြီး  next နှိပ်ပါ။ 3600 ဆိုတာ စက္ကန့်ပါ။ မိမိ ပိတ်ထားလိုတဲ့နာရီကို စက္ကန်နဲ့တွက် ရိုက်ထည့်ပါ။ခုတိုင်းဆို နောက်တစ်နာရီရှိတာနဲ့ကွန်ပျူတာပိတ်သွားပါမယ်။

3.  Shortcut name ကိုကြိုက်တာပေးပါ။.ပြီးရင် shortcut ကို double click နဲ့ run ပေးလိုက်ပါ။

icon ချိန်းချင်ယင်တော့=>properities=>change icon=>browse ကနော ico ဖိုင်လေးရှာ ပေးလိုက်ပါ။
အဲဒလိုသတ်မှတ်ထားတာကိုပြန်ဖျက်ချင်ယင်:
new >shortut တစ်ခုပြန်လုပ်ပြီး
  "Type the location of the shortcut"ဆိုတဲ့အကွက်မှာshutdown -a  လို့ရိုက်ပြီး ဖန်တီးလိုက်ပါ။ပြီးရင် shortcut ကို ကလစ်နှစ်ချက်နဲ့   run ပါ။


********* METHOD 2 *************
နောက်ထပ်လွယ်ကူတဲ့နည်းလေးကတော့Run box မှာရိုက်ထည့်လိုက်ရမှာဖြစ်ပါတယ် ဥပမာ  11:35am မှာပိတ်စေချင်ယင်

start=>Run
  at 11:35 shutdown -s  လို့ရိုက်လိုက်ပါ။

ပြန်ဖျက်မယ်ဆိုရင်တော့
shutdown -a
လို့ရိုက်ထည့်ပေးလိုက်ပါခင်ဗျား   credit by HanwailinnHanwailinn

No comments:

Post a Comment