Thursday, April 24, 2014

ဆောမြို့နယ်တွင် ရွာလုံးကျွတ်မီးလောင်



ရွာလုံးကျွတ်မီးလောင်မှုဖြစ်ပွားခဲ့သော မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ယန်းငကွက်ကျေးရွာ၌ 29-3-2014 ရက်နေ့က သန်းခေါင်စာရင်းကိစ္စအတွက် တစ်မိုင်ခန့်ဝေးသောယန်းရွာ၌
စည်းဝေးပွဲကျင်းပနေစဉ် တောမီးမှတဆင့် ရွာလုံးကျွတ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
ရွာထဲ၌ ကလေးသူငယ်များသာ ကျန်နေခဲ့သည့်အတွက် အခုလိုအဖြစ်ဆိုးနဲ့ကြုံရတာဖြစ်ကြောင်း ထွန်စက်များပါမကျန်ဆုံးရှုံးခံလိုက်ရတဲ့ ယန်းငကွက်ရွာသူ ဒေါ်မြင့်ကြည်မှ ပြောကြားပါသည်။
ယခုအခါ ဘေးပတ်ဝန်းကျင်ကျေးရွာများမှ အကူအညီများ ပေးလျက်ရှိကြောင်းသိရှိရပါသည်။
အိမ်ခြေ ၂၃ လုံးရှိပြီး လူဦးရေ ၁၀၀ ကျော်ရှိကြောင်းသိရှိရပါသည်။

No comments:

Post a Comment