Wednesday, April 16, 2014

တောင်ကိုရီးယား အနောက်တောင် ကမ်းရိုးတန်းမှာ လူ ၄၇၀ ဦး တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော နစ်မြှုပ်


တောင်ကိုရီးယား အနောက်တောင်ကမ်းရိုးတန်းမှာ လူအယောက် ၄၇၀ ကျော်ကို တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘော ၁ စီး ဧပြီ ၁၆ ရက် ဒီနေ့မှာ  နစ်မြှုပ်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။







သင်္ဘောပေါ်မှာပါသူ အများအပြားဟာ ကျောင်းရဲ့လေ့လာရေး ခရီးစဉ်နဲ့ သွားတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။

အန်ဆန်ဒန်ဝမ် အထက်တန်းကျောင်းသား ၃၂၅ ယောက်အပါအ၀င် ခရီးသည်နဲ့ အမှုထမ်း ၄၇၆ ယောက်ဟာ အင်ချုံကနေ ဂျဲဂျုကို သွားရင်း ခုလိုဖြစ်တာလို့ လုံခြုံရေးနဲ့ ပြည်သူ့စီမံရေး ဒုဝန်ကြီးနဲ့ အရေးပေါ်ဗဟိုဌာနချုပ် ခေါင်းဆောင် လီဂယောင်အုတ်က ပြောပါတယ်။

ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ၁၈ စီး မီးသတ်တပ်ဖွဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တွေအပါအ၀င် ကမ်းရိုးတန်းစောင့်တပ်က သင်္ဘော ၃၄ စီးနဲ့ ရေတပ်က ၂၅ စီး ပူးတွဲဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ယခု ညနေပိုင်း ၇နာရီအထိ သေဆုံးသူ ၇ယောက်အပါအ၀င် ဆေးရု့ရောက်နေသူ ၁၁၀ ယောက်ပျောက်ဆုံးနေသူ ၂၉၇ ယောက်လို့ သိထားရပါတယ် ဆက်လက်ပြီးတင်ပြပါ့မယ် ကျနော်ယောမြေပါ

No comments:

Post a Comment