Wednesday, February 26, 2014

ကိုရီးယား အထပ်သားစက်၇ုံတွင် ရန်ကုန်သားတယောက်သေဆုံး

၂၀၁၄ ဖေဖေါ်ဝါရီ  ၂၆ ရက်နေကမနက် ၁၀ နာရီခွဲတွင် ကိုရီးယားနိုင်ငံ အင်ချုန်း ဆောဂု ရှိ အထပ်သား စက်၇ုံတွင် အလုပ်လုပ်နေသော ရန်ကုန် ယုဇန ဥယဉ်မြို့တော်တွင် နေထိုင်သူ ကိုမြိင့်ကြိုင် သည် အခန်းတွင် အိပ်ယာတွင် ဘာအနာအဆာမှမရှိဘဲ  အိပ်လျက်သေဆုံးသွားပါသည် 
အခုထိ ဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိရသေးပါဘူး လောလောဆယ်တော့ အလောင်းကို ဆေးရုံက ရေခဲတိုက်ကိုပို့ထားပါတယ် ဖြစ်ပုံကတော့ ကျနော်တို့ အလုပ်က မနက် ၈ခွဲကနေအလုပ်ဆင်းရတာမို့ အလုပ်ဆင်းချိန်တွင် သူရောက်မလာသောကြာင့် အခန်းကို တခါးခေါက်နိုးရာ သူမထာလာပေ ဒါနဲ့ ၁၀ခွဲကျတော့ ကျနော်က ဘာလို့မထရတာလဲဆိုပြီး စိုးရိမ်လို့ သူဌေးမနဲ့အတူ သူ့တခါးကို အပေါက်ဖေါက်ကြည့်တော့ သူအခန်းထဲမှာ ရှိနေတာကိုသိရတယ် ဒါနဲ့စိုးရိမ်ပီး ၁၁၉ ကိုဖုန်းခေါါ်ပီး အခန်းကိုရိုက်ဖွင့် စစ်ကြည့်တော့မှ သေနေတာကိုသိရတာပါ သေဆုံးသူ ကိုမြိင့်ကြိုင်သည် ကိုရီးနိုင်ငံသို ၂၀၁၁ နိုဝင်ဘာတရက်နေ့က စတင်ရောက်ရှိခဲ့သူဖြစ်ပါတယ် သူ့မှာ သမီးတယောက် သားတယောက် ရှိပါတယ် လောလောဆယ် ကျနော်တို့ ဒီအပတ် တနင်္ဂနွေမှာ သူ့အခန်းတွင် ဆရာတော်ပင့်ပီး သက်ပြောက်ဆွမ်းတရားနာဖို့ စီစဉ်ထားပါတယ်

ကျနော် ကိုယောမြပါခင်ဗျာ

No comments:

Post a Comment