Monday, February 17, 2014

အခု ကိုရီးယားလာမဲ့သူများ စပေါ်ငွေကြောင့် အခက်တွေ့

17.2.2014 နေ့တွင် ကိုးရီးယားနိုင်ငံမှ အလုပ်ခေါ်စာ ရသည့် အလုပ်သမားများ မြန်မာနိုင်ငံ အလုပ်သမားရုံးတွင် အလုပ်စာချုပ် သွားရောက်ချုပ်ဆိုရာတွင် အာမခံ စပေါ်ငွေ
15သိန်း ပေးဆောင်ရမည်ဟု ကြားသိရပါသည်။ ၄င်း အာမခံစပေါ်ငွေ ၁၅သိန်းသည် အမှန်တကယ်ပေးဆောင်ရမည့်သူများသည် ဆဌမအကြိမ်မြောက် EPS TOPIK စာမေးပွဲဖြေဆိုအောင်မြင်ထားသူများနှင့်သာသက်ဆိုင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ယခင် တတိယအကြိမ်၊စတုတ္ထအကြိမ်၊ပဉ္စမအကြိမ် အောင်မြင်ထားသူများကိုပါ အာမခံစပေါ်ငွေ ၁၅သိန်းတောင်းဆိုသည်မှာ နည်းလမ်းမကျပါဟု ပြောဆိုဝေဖန်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ ၄င်း ကိစ္စနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၄င်းအာမခံစပေါ်ငွေကိစ္စအားတရားမျှတစွာကူညီဖြေရှင်းပေးစေလိုကြောင်း အလုပ်ခေါ်စာရရှိသူများက တောင်းဆိုလျက်ရှိပါသည်။ ၄င်းအာမခံစပေါ်ငွေ ၁၅သိန်းကိစ္စသည် မြန်မာနိုင်ငံမှအပ ကိုရီးယားနှင့် EPS စာချုပ်ချုပ်ဆိုထားသော အခြားအာရှ ၁၄နိုင်ငံတွင်တောင်းဆိုခြင်းမရှိကြောင်းကြားသိရပါသည်။

No comments:

Post a Comment