Wednesday, January 23, 2013

ကွန်ပျူတာအသုံးများသူများအတွက် မျက်စိမထိခိုက်အောင်

ကွန်ပျူတာအသုံးပြုတဲ့အခါမှာ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
၁။ ကွန်ပျူတာကို ကြည့်တဲ့အခါမှာ ဖြစ်နိုင်သမျှမိမိရဲ့မျက်စိနဲ့ တစ်တန်းတည်းဖြစ်အောင်ထားကြည့်ပါ။
၂။ ကွန်ပျူတာကိုကြည့်ရင် ခန္ဒာကိုယ်ကို မတ်မတ်ထိုင်ပါ။ ကုန်းနေခြင်း၊ လန်နေခြင်းတို့ပာာ ကြာလာတဲ့အခါမှာ ဇက်ကြောတွေတက်လာသလိုဖြစ်လာပါလိမ့်မယ်။ အဲဒီထက်ပိုဆိုးလာရင် ဇက်နားတစ်ဝိုက်မှာ နာကျင်လာပါလိမ့်မယ်။
၃။ ကွန်ပျူတာကို အလင်းလျော့ပါ။ သိပ်လင်းလွန်းနေရင် မျက်စိကိုထိခိုက်စေပါတယ်။
၎။ ကွန်ပျူတာကို ၂ ၃နာရီ ဆက်တိုက်သုံးပြီးတိုင်း ခဏနားပါ။ အညောင်းပြေအညာပြေလှုပ်ရှားပါ။ မျက်စိကို မှိတ်ထားပြီးသော်လည်းကောင်း၊ ဝေးလံသောနေရာများ၊ အစိမ်းရောင်ရှိသော သစ်ပင်မြက်ပင် စတာတွေကို ကြည့်ပေးသင့်ပါတယ်။ အဲဒါတွေအတွက် ၁၅မိနစ်လောက်အချိန်ပေးပါ။ ပြီးမှပြန်သုံးပါ။ နောက်တစ်ခုက ကွန်ပျူတာနားမှာ သစ်ပင်အသေးစားလေးတွေထားလို့ရပါတယ်။ မျက်စိညောင်းလာရင် အဲဒီသစ်ပင်လေးတွေကိုကြည့်ပေးလို့ ရပါတယ်။ ပြီးတော့ အဲဒီသစ်ပင်လေးတွေက ကွန်ပျူတာကလာတဲ့ အလင်းတွေကိုစုပ်ယူပေးတယ်လို့ပြောပါတယ်။
ဖြစ်သင့်တာကတော့ ကွန်ပျူတာအသုံးပြုတာကို နည်းနည်းလျော့သင့်ပါတယ်။
ကွန်ပျူတာအသုံးများလို့ဖြစ်တာကိုတော့ ကျနော်ပြောထားတဲ့နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ မျက်စဉ်းခပ်ချင်ရင်တော့ V-rhoto ဆိုတဲ့မျက်စဉ်းခပ်လို့ရပါတယ်။ ပိုးသတ်မျက်စဉ်းမပာုတ်ဘဲ မျက်စိကိုအေးစေပါတယ်။ အစားအသောက်အနေနဲ့ စိမ်းသောအရွက်၊ ၀ါသောအသီးတွေက မျက်စိအားကိုတိုးစေပါတယ်။ ဆေးအနေနဲ့ကတော့ ငါးကြီးဆီ၊ Vitamin A နှင့် မြင်းခွာရွက်ပါသောအားဆေးများသောက်လို့ရပါတယ်။

No comments:

Post a Comment