Sunday, January 20, 2013

မိတ်ဆွေတို့ရေ

ယောသူ မရှိခင် ယောသူ ဘလောက်ကို လာလည်သွားတဲ့ ကိုကို ညီညီ မမ များကို အထူးကျေးဇူးတင်ပါတယ်...လာလည်ပြီး ဘာမှ ဧည့်မခံလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်....ဒီနေ့တော့ စာမေးပွဲလဲပြီးပြီး ယောမြေ ကို ပြန်ဖို့ဘဲကျန်ပါတော့တယ်......လိုက်ချင်သူများလိုက်လို့ရတယ်နော်
...ခရီးက ကြမ်းပေမဲ့ ပျော်စရာကြီးပါ.....ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မနက် ၉နာရီမှာ ကိုရီးယားကနေ မလေးရှားကို ထွက်ခွါမှာဖြစ်ပါတယ်   မလေးရှားမှာ အချိန်ရတာကြောင့် KL မှာ ရှိတဲ့ ညီလေးတွေ ဦးလေးတွေကို ခဏသွားတွေ့ပြီး......၅ရက်နေ့ည ၈နာရီမှာ မလေးရှားကနေပြန်လည်ပြီး ရန်ကုန်ကို ထွက်ခွါမယ်....ရန်ကုန်ရောက်တာနဲ့ .......၈ ရက်နေ့ ဂါယာ က ပြန်လာတဲ့ အမေကို သွားကြိုပြီး.....ယောမြေကို ပြန်မယ်.........မန်းလေးမှာ ခဏ နားမယ်......ယောကိုရောက်တာနဲ့ .......၅ရက်လောက်နားပြီး ကလေးနဲ့ တမူးကိုသွားမယ်.......အဲဒီကတဆင့် ဟားခါးကိုသွားမယ်.....ဟားခါးက ပြန်လာပြီး.......ယောမှာ ခဏ ပြန်နားမယ် .......ဖေဖေါ်ဝါရီကုန်တာနဲ့ မန်းလေးကို ပြန်ဆုတ်မယ်.......မန်းလေးမှာ ၁ ရက်နေပြီး.....နေပြည်တော်ကို သွားမယ်.......နေပြည်တော်မှာ ၂ရက်ကြာမယ်...........အဲဒီက အပြန် ၇န်ကုန် ကို ပြန်ဆုတ် ၇န်ကုန်ရောက်တာနဲ့ ကျိုက်ထီးရိုးကို သွားမယ်...........၁၄ ရက်နေ့ညနေ မှာတော့ ကိုရီးယားကို ပြန်လာဖို့ မလေးရှား မှ တဆင့် အင်ချုန်းကို ပြန်လည်ထွက်ခွါမယ်...........မပြောမရှိနဲ့ အားလုံးကိုခေါ်တယ်နော်.......heeeeeeeeeeeee

No comments:

Post a Comment