Saturday, June 23, 2012

မြန်မာနိုင်ငံတွင် ကိုရီးယားအမျိုးသမီးအသတ်ခံရ


ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်လမ်းရှိဟိုတယ် တစ်ခု၌ ဇွန်-၂၀ နေ့နံနက် ၃ နာရီ ခန့်က ကိုရီးယားနိုင်ငံသူ အမျိုးသမီးတစ်ဦး ရက်စက်စွာ အသတ်ခံခဲ့ရကြောင်း သိရ သည်။
အဆိုပါ အမျိုးသမီးမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိပြီး ထိုဟိုတယ်၌ အခန်းငှား ရမ်း နေထိုင်နေ သူတစ်ဦးဖြစ်ပြီး ထိုနေ့ ညက ¤င်း၏ ခင်ပွန်းဖြစ်သူ အသက် ၅၀ ကျော်အရွယ်ရှိ ကိုရီးယားနိုင်ငံသားနှင့် စကားများရန် ဖြစ်ရာမှ ၄င်း၏ ခင်ပွန်းဖြစ်သူက ဓားနှင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ဟိုတယ်အနီးနေထိုင်သူများထံ မှ သိရသည်။
'' ဖြစ်တာက မနက် ၃ နာရီ ထဲက ဖြစ်တာ။ သတ်တဲ့သူက သေသွားတဲ့ အမျိုး သမီးရဲ့ ယောက်ျား ကိုရီးယားနိုင်ငံ သားပဲ။ သူတို့က ဟိုတယ် မှာလပေး စနစ် ပုံစံမျိုးနဲ့ ငှားနေတာ။ အလောင်းမှာ ဓားဒဏ်ရာ ၁၁ ချက်တွေ့ရတဲ့အပြင် ဗိုက်ကိုပါ ဓားနဲ့ထိုးခွဲထားတယ်''ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
သေဆုံးသူ ကိုရီးယား နိုင်ငံသူအမျိုးသမီး၏ရုပ်အလောင်း အား ဆေးစစ်ချက်ယူရန်အတွက် နံ နက် ၁၁ နာရီအချိန်က ရန်ကုန်ဆေး ရုံကြီးသို့ ပို့ဆောင်လိုက်ပြီး ၄င်းအား သတ်ဖြတ်ခဲ့သူ ကိုရီးယားနိုင်ငံသား ကို ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း၊ ထို့အပြင် လူသတ်မှုကျူးလွန်သူဟု ယူဆရသည့် ကိုရီးယားနိုင်ငံသား ကိုပါ မူးယစ်ဆေးသုံးစွဲခြင်းရှိ၊ မရှိ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအမှုနှင့် ပတ်သက်၍ ဗဟန်း ရဲစခန်းမှ (ပ) ၃၉၇/၂ဝ၁၂ ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment