Wednesday, June 6, 2012

သတိနဲ့ ကိုယ်စိတ်ကို ကိုယ်သိ........အပိုင်း၂

သတိနဲ့ နေတဲ့ အကျင့်ကိုများများ လုပ်လာတဲ့အခါမှာ    မေ့တိမေ့မေ့လျော့နေချင်းသည်တကယ်အသက်မင်ဘူးဆိုတာ သိလာတယ်.သတိနဲ့ နေတာ အင်မတန် အသက်ဝင်တယ်။ကိုယ့်ဟာကိုတကယ်ခံစားလို့ရတယ်နော်။

ဘာဘဲလုပ်လုပ် ဘာဘဲတွေးတွေး အချိန်မရွေး..အခါမရွေး သတိနဲ့နေရတာအကောင်းဆုံးပါ။ တနေ့တာလုံး သတိကပ်ပြီးတော့ နေတဲ့သူဟာ ကြည်လင်တယ် အေးချမ်းတယ် နူးညံ့တယ် တည်ကြည်တယ် ခံညားတယ် မျက်နှာအမူးအရာ ပြောဆိုတာကို ကြည့်ရင်လည်း သတိနဲ့နေတာဟာအပိုအလိုမရှိ ပြောတယ်။တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိတယ်။ မေ့တိမေ့လျော့နေတာဟာ
 ကိုယ်ရဲ့ စိတ်အဆင့်အတန်းကို ကျသွားအောင် ခွှုင့်ပြုတာနဲ့ တူပါတယ်။လူတယောက်ရဲ့စိတ်နေသဘောထား အကျင့်သီလ၊အသိညာဏ်.လုပ်ရည်ကိုင်ရည် စသည်ဖြင့် အားလုံးအဆင့်အတန်း မြင့်မားလာဖို့အရေးမှာ အခြေခံအကျဆုံးအချက်ဟာသတိပါဘဲ။
လူမှုရေး.စီးပွါးရေး.စိတ်ဓာတ်ရေးတွေ တိုးတက်လာတာလိုချင်ရင် သတိနဲ့နေပါ။
ပစ္စည်းကောင်းတွေသုံးနိုင်ရုံနဲ့.အဆင့်အတန်းမြင့်တဲ့သူမဖြစ်သေးဘူးစိတ်နေသဘောထား အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်လို့ဆိုနိုင်တယ်။နေပုံထိုင်ပုံ ပြောပုံဆိုပုံ အဆင့်အတန်းမြင့်မှ  အဆင့်အတန်းမြင့်သူလို့ခ်ါပါတယ်။
self-perfection is culture ဆိုတာ မိမိ ကိုယ်ကို ကောင်းသည်ထိကောင်းအောင် ချို့ယွင်းချင်ကင်းအောင်
လုပ်တာဟာ ယဉ်ကျေးမျုပါ။     Self-perfect ဆိုတာရုပ်ရည်ကို perfect ဖြစ်အောင် လုပ်တာကိုပောတာမဟုတ်ပါဘူး။ခန္တာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်  perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ဒါဖြင့်ရင် perfect ဖြစ်အောင် .ကြာလေ ပိုကောင်းလေ ဖြစ်အောင် ဘယ်ဟာကိုလုပ်ရမှာလဲဆိုတော့  စိတ်ဘဲရပါတယ် ။ဘုရားဟောတဲ့ ကိလေသာတွေလုံးဝကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပါဘဲ။ဒါကြောင့်ရဟန္တာဖြစ်သွားရင် စိတ်က perfect ဘဲနော်။ချို့ယွင်းချက်ကင်းသွားတယ်။အဲဒီလိုဆိုရင် အဲဒီရှုထောင့်ကနေကြည့်ရင် ဘုရားဟောတဲ့ တရားတော်တွေဟာအမြင့်ဆုံးယဉ်ကျေးမှုဖြစ်သွားတယ်
စိတ်ထားကောင်းအောင် အရင်လုပ်ပါ တည်ငြိမ်အေးချမ်းအောင်.ရိုးသားဖြောင့်မတ်အောင်   မနာလိုဝတ်တိုစိတ်နဲအောင်၊မုဒိတာများအောင်တစ်ကိုယ်ကောင်းမဆန်အောင်၊ခွင့်လွှတ်တတ်အောင်၊အကောင်းမြင်တတ်အောင်
နေ့စဉ်စိတ်ကိုသတိနဲ့စောင့်ကြည့်ရင်းလေ့ကျင့်ယူပါလို့................အပိုင်း........၃ သို့........by  yawmyay

No comments:

Post a Comment