Wednesday, May 30, 2012

ဇနီး သူများ နောက်လိုက်ပြေးရာမှ ကိုယ့်ကို ကိုယ် သေကြောင်းကြံတဲ့.....

29 May 2012  | By Venus News Journal
ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ရွှေပြည်သာမြို့နယ် ဧရာဝတီ ပတ်လမ်း၊၆/ ထုံးဖိုစု ရပ်ကွက်နေသူ လှိုင်ဘွား (၃၁) နှစ်သည် ဇနီးသည် ဖြစ်သူမှ နောက်ယောကျာ်းနောက် လိုက်သွားသည်ကိုစိတ်ထိခိုက်ကာ ပိုးသတ်ဆေးများ သောက်သုံး ထားကြောင်း
သိရှိရသဖြင့် ဆေးရုံသို့ပို့ ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ အလောင်း အားစစ်ဆေးရာပြင်ပ ဒဏ်ရာမတွေ့ ရှိဘဲသေဆုံးခြင်းဖြစ်ပြီးရွှေပြည်သာ ဆေးရုံမှ ပီအာရ်-၁၁ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။ အမှုအား ရွှေ ပြည်သာရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၁၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။

No comments:

Post a Comment