Saturday, May 19, 2012

ကင်မချီလုပ်နီးလေးပါ...အဆင်ပြေကြပါစေ

အကို ယောသူရေ ကျမ ကင်မချီ လုပ်နီးလေးတောင်းထားတာ မရသေးဘူးလား..ကျမ ကင်မချီ အရမ်းစားချင်လို့ပါရှင်.....သိရင် ကူညီပါလား....အကိုလုပ်တတ်လား လားဆိုပြီးမေးမေးနေတဲ့ မမကြီးလား ညီမလေးလား မသိပါဘူး....ကဲ ယောသူ ရှာဖွေပြီး တင်ပေးလိုက်ပါတယ်......ယောသူ မအားလို့ အချိန်ကြာသွားတာ စိတ်တော့မရှိပါနဲ့ နော် မအားတာကြောင့်မို့ပါ
၁။ မုန်ညှင်းဖြူ ထုပ်ကို အခုလို ထက်ခြမ်းခြမ်းပါ။
၃။ ဆားပွင့် အကြီးကြီး တွေကို ခုလို မျိုးဆားနဲ.အလွှာတွေ ကြားထဲကို ထည့်ပေးပါ။
၎။ ပြီးရင်ခုလိုမျိုး ဇလုံထဲမှာ ၈နာရီလောက် ပစ်ထားလိုက်ပါ။
၅။ ၈နာရီလောက် ကြာရင် ခုလိုမျိုး မုန်ညှင်းရွက် တွေနွမ်းသွားပါလိမ့်မယ်။ အဲဒီအခါကျရင် ရေနဲ. သေချာဆေးပစ်ပါ။ မဟုတ်ရင် တစ်အားငံပါလိမ့်မယ်။
၆။ ကောက်ညှင်းမှုန်.တွေကိုရေနည်းနည်း ထည့်ပြီး ပြစ်လာတဲ့ အထိ ကြိုပါ။
၇။ ဂျင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကို အခုလိုမျိုး ခြစ်ပေးပါ။ ထောင်းလို.လဲရပါတယ်။
၈။ ကြက်သွန်နီကိုလဲ လှီးထားပါ။
၉။ ကြက်သွန်မြိတ် အဖြူနဲ.အနီလဲ ထည့်ရပါတယ်။
၁၀။ ငြုတ်သီးမှုန်. ကို ၁ခွက် ချင်ပြီး အစောနက ကြက်သွန် နီ၊ ဖြူ မြိတ်တွေနဲ. ရောပါ။ ကြက်သွန်နီ လှီးထားတာတွေလဲထည့်ပါ။ ကြက်သွန်နီ၊ဖြူထောင်းထားတာတွေလဲထည့်ပါ။
၁၁။ ငံပြာရည်၊ ဆားနဲနဲ၊ သကြားနဲ. ကြိုထားတဲ့ ကောက်ညှင်းမှုန်. ရည်တွေပါရောပြီးအားလုံးကို နယ်ပါ။


၁၂။ ပြီးရင် မုန်ညှင်းတွေထဲကို တစ်လွှာချင်းဆီ ပွတ်ပြီး သိပ်ပေးပါ။

၁၃။ ပြီးတာနဲ. ပုလင်းထဲကို အခုလိုပဲ အပြည့်သိပ်ထည့်ပေးပါ။

၁ရက်လောက်နေရင် အရည်တွေထွက်ပြီး ပုလင်းထဲက လျှံထွက်တတ်တာမှို. သတိထားစောင့်ကြည့်ပေးပါ။ ပူတဲ့ရာသီမှာဆို ရင် လုပ်ပြီးတာနဲ. ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ အချဉ်ကြိုက်တတ်ရင်တော့ အပြင်မှာ နေ.၀က်လောက်ထားပါ။ဟဲဟဲ ကျွန်တော်ကတော့ အရင်က ကင်မချီကို အရမ်းကြိုက်တာဗျအခုတော့ မုန်းနေပြီဗျာ ရွာက ချိန်ပေါင်ကြော်ဘဲစားချင်တယ်.....ကဲ ကင်မချီကို ချိန်ချိန်လေးစားချင်ရင်တော့...အပြင်မှာ ကြာကြာသာထားပေးတော့.......အားလုံးအဆင်ပြေမယ်ထင်ပါတယ်......မေလ်ထဲရောက်လာတဲ့သူများ ပုံတွေကို ကြည့်မရရင် စာတွေရဲ့အပေါ်မှာ Display Images Below ဆိုတာကိုနှိပ်လိုက်ပါ ..မေးလ်ထဲ ၀င်လာလို့ ပုံတွေမတွေ့ရဘူးဆိုရင်ပြောတာပါ ကဲ အားလုံးအဆင်ပြေကြပါစေဗျာ

No comments:

Post a Comment