Wednesday, September 17, 2014

သို့ ရောသားတို့ဖေါင်ဒေးရှင်း

ဒီအဖွဲ့ က ကိုသန်းထွန်းရဲ့ အဆိုပြုချက်အရ ကျမတို့နယ်က မိဘမဲ့ကလေးများပရဟိတကျောင်းအကြောင်းကို ဒီ page မှာ တင်လိုက်ပါတယ်. . ကိုသန်းထွန်းက ဒီအဖွဲ့ က အလှူပြုချင်လို့ ကျမတို့နယ်က ကျောင်းရဲ့ အသေးစိတ်အချက်အလက်သိချင်တယ်ဆိုလို့ ကျမသိသမျှ လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်. . . သင်္ခရိုင်မိဘမဲ့ပရဟိတကျောင်းပါ. . ဒီကျောင်းမှာ ကျောင်းထိုင်ဆရာတော်က ဥူးသုမနပါ. . သက်တော် ၂၇ ပဲရှိပါသေးတယ်. . . ဒီကျောင်းမှာ ကလေး ၂၂၈ ယောက်ရှိပါတယ်. . . မိန်းကလေးက နည်းပါတယ်. . စတင်တည်ထောင်စဉ်က ကလေးတွေနေစရာအခက်ခဲအရမ်းဖြစ်ပါတယ်. . မီးဖိုချောင်ရယ်လို့မရှိပါဘူးးး. . . အခု မိန်းကလေးဆောင်ရဲ့ ဘေးမှာ အပင်ကြီးတစ်ပင်အောက်မှာပဲ ချက်ပြီး အဲအပင်အောက်မှာပဲ ကလေးတွေကိုထမင်းကျွေးရပါတယ်. . . မိုးတွင်းဆိုအရမ်း ဒုက္ခရောက်ပါတယ်. . မိုးတွင်းရောက်တိုင်း ဆရာတော်နဲ့ကလေးတွေ မျှစ်ချိုးထွက်ပြီး ရတဲ့မျှစ်တွေကို လှောင်ပြီး ဟင်းမရှိတဲ့ရက်မှာ ဆားငံပြာရည်နဲ့ မျှစ်တို့စားခဲ့ရတဲ့ရက်တွေ အများကြီးပါ. . . ခုချိန်မှာ ဒီကျောင်းအကြောင်းအတော်များများသိလို့ အလှူရှင်တွေများလာပါပြီ. . ဒါပေမယ့် လာဘှူတာအများစုက စာအုပ် ခဲတံ စောင် ခြင်ထောင် ဆန် ဆီ တခြားကလေးအသုံးအဆောင်တွေနဲ့ စားစရာတွေပါ. . အဲဒါတွေလည်း တကယ်လိုအပ်ပါတယ်. . ကျောင်းမှာ အဓိက လိုအပ်တာကတော့ ကလေးတွေ နေစရာအခက်အခဲပါ. . ခုထိ မိန်းကလေးတွေက မြေစိုက်ကပ်ဆောင်လေးတွေ ဖရိုဖရဲအဆောင်လေးတွေမှာ နေနေရပါတယ်. . ကျမရိုက်ခဲ့တဲ့ ပုံအချို့ကို တင်ပေးလိုက်ပါတယ်. . လက်ရှိဆောက်လက်စအဆောက်အဦးတစ်ခုပုံလည်းတင်ပေးလိုက်ပါတယ်. .ဒီတစ်ဆောင်ရဲ့ကုန်ကျစရိတ်က ၂၅ သိန်းဝန်းကျင်ပါ. . အသုံးပြုတဲ့ ကျောက်ပြားတွေက ဆရာတော်နဲ့ ကလေးတွေ ကျောင်းဝန်းနဲ့ ကျောင်းပါတ်ဝန်းကျင်က ကျောင်ပြားတွေကို ကိုယ်တိုင်တူးပြီး ကျောင်းဆောင်အတွက်အသုံးပြုပါတယ်. . ဒါမို့လည်း အကုန်အကျသက်သာတာပါ. . ကျမကတော့ ကိုသန်းထွန်းကို ဖြစ်နိုင်မယ်ဆိုရင် ကျောင်းဆောင်တစ်ခုဆောက်လုပ်လှူဒါန်းစေချင်ပါတယ်. လို့ အလှူခံထားပါတယ်. . ဒီအဖွဲ့ သားအားလုံးကိုလည်း တိုက်တွန်းချင်ပါတယ်. . ပြီး တစ်ခုက ဒီကျောင်းမှာ ငွေပဒေသာပင်မရှိသေးပါဘူးးးး. . . အမှန်တကယ်ဆို အဲဒါကလည်းရှိသင့်ဆုံးပါ. . . . . တတ်နိုင်သမျှ လာရောက်လှူဒါန်းနိုင်ပါကြောင်းးး  by Ah Khay (မီးမီး)

No comments:

Post a Comment