Sunday, March 16, 2014

မနက်ဖန်ကိုရိးယား အီးပီအက်စ် လျှောက်လွှာတင်မည့်သူများသို့

ကိုကို ညီညီတို့ရေ အလုပ်သမားရုံက လျှောက်လွှာကို ကန့်သတ်ချက်နဲ့ရောင်းတာမဟုတ်ပါဘူးဗျာ မိမိတို့ ဘယ်နေ့မဆို သတ်မှတ်ထားတဲ့ အချိန်နေ့၇က်တွင်းသာဖြစ်ပါစေ ၀ယ်ယူလို့ရပါတယ် အခု
သတ်မှတ်ထားတာက မတ်လ ၁၇ ကနေ ၂၀ အထိပါ ဒီတော့ဗျာ ၁၉ ....၂၀ မှ သွားဝယ်ပြီးတင်လဲရနေပါတယ် ဘာကြောင့်လဲဆိုတော့ ပ ဆုံးနေ့များတွင် နယ်ပေါင်းစုံကလူတွေ ကလဲတက်လာတော့ ပီးတော့ အစီအစဉ်မကျတဲ့ အလုပ်သမားရုံက ၀န်ဆောင်မှု လူမဆန်စွာ ၇ိုင်းစိုင်းပြီး တို့ဝေ့ တတ်တဲ့ ကိုရွှေမြန်တို့အကျင့်...ဖေါင်မရတော့မှာကိုစိုးရိမ်ပြီး ကိုယ်တိုင်အတန်းမစီဘဲ လူငှါးတိုးခိုင်းတာတွေ ဒီလိုအဖြစ်အပျက်တွေကြောင့် အ၇င်နှစ်များစွာက ဖုန်းတွေကျပြောက် ပိတ်ဆံအိတ်ပျောက် ချေထောက်တွေနာ အင်ကျီပြဲ ပုဆိုးကျွတ် ဆဲဆို ပြောဆိုပြီး တိုးဝေ့နေကျတာတွေက ကြားလို့မကောင်းမြင်လို့မကောင်းလှပါဘူး ဒီတော့ဗျာ ကျနော်ပြောချင်တာက ၂၀ ရက်နေ့မှ သွားဝယ်ရင် တိုးစရာမလိုဘဲ ၀ါသနာပါရင် ချင်ခတ်၇င်းတောင် ၀ယ်လို့ရပါတယ် အလုပ်သမား၇ုံးက ဖေါင်ကို ကန့်သတ်ချက်နဲ့ ရောင်းတာမဟုတ်ပါသောကြာင့် ၂၀ ရက်နေ့အထိ လာသမျှလူကိုရောင်းပေးမှာပါ ဘာမှစိတ်မပူကျပါနဲ့ သူများထက်ဖေါင်နံပါတ်ကြီးလေ သူများနောက်မှဖြေရတယ် သူများထက်နောက်မှဖြေရတော့ မေးခွန်းအပြောင်းအလဲတောင် လေ့လာလို့ရသေးတယ်ဗျာ  နံပါတ်တတစ်ရလို့ အရင်ကိုရီးယားကိုလာရမယ်မထင်လိုက်ပါနဲ့ ကံတရားက ဆုံဖြတ်ပေးမှာမို့  အားလုံးဘဲ ကိုရီးယားကို အမြန်ဆုံးရောက်လာနိုင်ပါစေ   (ယောမြေ)

No comments:

Post a Comment