Sunday, January 26, 2014

အနောက်ဂန့်ဂေါ စွယ်တော်ရှင်ဘုရားသမိုင်းအကျဉ်း


အင်းဝနန်းစံ တနင်္ဂနွေမင်းတရား လက်ထက်တွင် အနောက်ဂန့်ဂေါတွင် သီတင်းသုံးတော်မူသော အရှင်စန္ဒာလင်္ကာရ မဟာထေရ်၏ ကျောင်းတွင် လောင်စတာရွာသား မောင်ထွားအမည်ရှိသော ကျောင်းသားငယ်သည် မြစ်သာမြစ်အတွင်း ရေကူးကစားရင်း ရေအောက်ခြေတွင် ဝါဝါဝင်းနေသော အရာတခုကို တွေ့ရှိလေသည်
၎င်းသည် အခြားအရာမဟုတ် သမ္ဗုဒ္ဓထွက်ထား ဘုရားရှင်၏ စွယ်တော်ဖြစ်နေလေသည်၊ ၄င်းစွယ်တော်ကို အင်းဝနန်းစံ ရွှေနန်းရှင်ထံ ဆက်သကြကုန်၏၊ မင်းတရားသည် ယင်းစွယ်တော်ကို နန်းတော်ဦးတွင် တရိုတသေထားလျက် ကိုးကွယ်တော် မူလေသည်။ သို့ရာတွင် စွယ်တော် မြတ်သည် အနောက်ဂန့်ဂေါ အရှင်စန္ဒာလက်ာရ ကျောင်းသို့ ပြန်လည်ပင့်ဆောင်စေလေ၏။ သို့ရာတွင် သုံးကြိမ်တိုင် ယောဒေသသို့ ပြန်ကြွတော်မူရာ နောက်ဆုံးအကြိမ်တွင်မူ ဂန့်ဂေါမြို့အရှေ့ လောင်တောင်ရွာ တောင်ကုန်းထိပ်တွင် စမ္ပယ်တော်မူသည်။ နောက်တွင် အနောက်ဂန့်ဂေါတွင် ဘုရင့်အမိန့်အရ စွယ်တော်ကို စေတီအတွင်း ဌာပနာသွင်းလျက် စေတီတည်ထား ကိုးကွယ်ခဲ့ကြလေသည်။ ယင်းစေတီသည် ယခုတိုင် တည်ရှိသည့် လူနတ်ဦးခိုက် ပူဇော်ထိုက်သည့် စွယ်တော်ရှင် မြတ်စွာဘုရားကို နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ယင်း စွယ်တော်ရှင် မြတ်စွာဘုရားကို နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ပွဲတော်ကျင်းပ ပူဇော်ရာ လွန်စွာမှ စည်ကားလှသည်ဟု သိရသည်။

copy fr Ukhamar Sara

No comments:

Post a Comment