Wednesday, December 11, 2013

ကိုရီးယားရောက် မြန်မာများသတိထားစရာ

မြန်မာ ၂ယောက် ဖုန်းဆက်လာပါတယ် .. လွန်ခဲ့တဲ့ ၁ လကျော်က စက်ရုံကနေ အလုပ်ပြောင်းရွှေ့ခွင့် ရလို့ အလုပ်သမားငှားရမ်းမှု့စင်တာကနေ အလုပ်ထွက်စာ ယူခဲ့ပြီး
အလုပ်လျှောက်လွှာ ပြန်မတင်ပဲ မြန်မာပြည်ကို ခွင့် ၁ လ ပြန်သွားခဲ့ရာကနေ အခု ပြန်ရောက်တော့ အလုပ်သမား ငှားရမ်းမှု့ စင်တာမှာ အလုပ်လျှောက်လွှာတင်လို့ မရတော့ဘူး ဖြစ်နေပါတယ် .. တဲ့ .. အဲဒါ တစ်ချက်လောက် နားလည်အောင် ပြောပြပေးပြီး အဆင်ပြေအောင် ကြည့်လုပ်ပေးပါလို့ အကူအညီ တောင်းခံလာပါတယ် .. ။ ဟုတ်ကဲ့ .. အဲဒါတော့ ကျနော်လည်း ဘယ်လိုမှ မကူညီနိုင်ပါ .. ။ လုပ်သားငှားရမ်းမှု့ ဥပဒေမှာ နိုင်ငံခြားသား အလုပ်သမားများ လုပ်ငန်းခွင်ပြောင်းရွှေ့တဲ့အခါ အလုပ်ထွက်စာ ယူပြီးတဲ့နောက် ရက်ပေါင်း ၃၀ အတွင်းမှာ မဖြစ်မနေ အလုပ်လျှောက်လွှာ ပြန်တင် ရပါတယ် ။ သတ်မှတ်ထားတဲ့ ရက်ကျော်လွန်သွားရင်တော့ လျှောက်လွှာကို ဘာအကြောင်းပြချက်နဲ့မှ လက်ခံမှာ မဟုတ်ပါ ။ ( ခြွင်းချက်အနေနှင့်မူ .. အဆိုပါ ရက် ၃၀ အတွင်း အတိတ်မေ့သွား ခြင်းမျိုး .. ပြန်ပေးစွဲ ခံထားခဲ့ရခြင်းမျိုး .. ကျန်းမာရေးကြောင့် အလုပ်သမားငှားရမ်းမှု့စင်တာသို့ ကိုယ်တိုင် မသွားရောက်နိုင် ခြင်းမျိုး .. စသည့် အထောက်အထား အခိုင်အမာ ရှိသူမှ အပ) ဒါကြောင့် အဲဒီ မြန်မာ ၂ ယောက်ဟာ အခုဆို မြန်မာပြည်ကို ပြန်ရင်ပြန် မပြန်ရင် အိုဗာစတေးအဖြစ်နဲ့ ဆက်အလုပ်လုပ် ဖို့ပဲ ရှိပါတော့တယ် ။ နောက်တစ်ခု စက်ရုံကနေ ခွင့်နဲ့ ပြန်တာတွေ ရှိပါတယ် .. ။ ခွင့်နဲ့ ပြန်ကြောင်း အထောက်အထား ယူသွားနိုင်ရင် ကောင်းပါတယ် ။ စီရိလန်ခါလူမျိုး အလုပ်သမား တစ်ယောက်ကို စက်ရုံက ခွင့်ပေးတယ် လို့ ပြောပြီး ပြန်ခိုင်းပြီးတဲ့နောက် အလုပ်ကနေ ထွက်ပြေးတယ်ဆိုပြီး အင်မီဂရေးရှင်းကို တိုင်စာပို့လိုက်ပါတယ် .. ။ ပြန်ဝင်လို့ မရတော့ပါဘူး ။ အခြား မြန်မာညီအကိုများလည်း သတိထားနိုင်ဖို့ တင်ပြလိုက်ပါတယ် .. ။ ဟန်းဂုရွာမှ ပြန်လည် ကူးယူတင်ပြပေးလိုက်ပါတယ်

No comments:

Post a Comment