Wednesday, December 5, 2012

စောစီးစွာစိန်ခေါ်လိုက်တဲ့ တောင်ကိုယားက နှင်းမုန်တိုင်း

တောင်ကိုရီးယားဆောင်ဝင်တာမကြာသေးဘူး စောစီးစွာ နှင်းမုန်တိုင်းက စိန်ခေါ်လို့ ကိုရီးယား ပြည်သူများ စိတ်ညစ်နေရပါတယ်........ပြီးခဲ့တဲ့နှစ်ကဆိုရင်
ဒီဇင်ဘာကုန်မှ နှင်းစကျပါတယဒါပေမဲ့ဒီလောက်မဆိုးဘူးပြောရမယ် အခု တနင်္လာညက မိနစ် ၂၀ လောက်စကျ လာတယ် ဒီနေ့ ၅.၁၂.၂၀၁၂ နေ့လည် ၁၁နာရီလောက်ကစကျတာ ညနေ ၃နာရီခွဲမှ ရပ်သွားပါတယ်.....နှင်းရဲ့ထုထည်က တပေအထက်ရှိသွားပါတယ်  ယောယော လဲ ဓာတ်ပုံရိုက်မလိုပါဘဲ ဘယ်လိုမှ ရိုက်မရလို့ နှင်းတွေက အရမ်းပြင်းထန်နေတယ်လေ ကျလာတဲ့နှင်းပမာဏလဲငှက်မွှေးလားထင်နေရတယ်  ကားလမ်းပေါ်မှာ လမ်းကို ကြည်လင်ပြတ်သားစွာ မမြင်ရတာကော လမ်းချော်နေတာကတကြောင်း......လမ်းပိတ်ဆို့မှုနဲ့ တွေကြုံနေရပါတယ်.....ယောယောကတော့ နှင်းကျလာရင် အရမ်းပျော်တယ်........ချစ်သူသာရှိရင် နှင်းတောထဲမှဆော့ကစားချင်လိုက်တာ.........

No comments:

Post a Comment