Thursday, May 31, 2012

ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထားပြီ

ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထားပြီ

အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
 ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ရွာနေ ဦးလှတင်-ဒေါ်မမြ၏သမီး
မသီတာထွေး(၁၆)နှစ် ကို လွန်ခဲ့သော (၂၈.၅.၂၀၁၂)  ညနေဘက်(၅) နာရီ ခန့်က
 အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံတဦးကို ဖမ်းဆီးမိထားကြောင်းသိရပါသည်။

Wednesday, May 30, 2012

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်း တူးဖေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ယန္တယားတွေကို အမြန်ဆုံးရုတ်သိမ်းဖို့ နေပြည်တော်က မေ ၂၃ ရက်က ညွှန်ကြားချက်


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်း
တူးဖေါ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ယန္တယားတွေကို အမြန်ဆုံးရုတ်သိမ်းဖို့
နေပြည်တော်က မေ ၂၃ ရက်က ညွှန်ကြားချက် ထုတ်တာကြောင့်
မေလကစပြီး ဖားကန့်ကနေ လူအတော်များများ ထွက်ခွာနေကြတယ်လို့
သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ် (ဓါတ်ပုံများ)


ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ် (ဓါတ်ပုံများ)

မြန်မာ့ဒီမိုကရေးစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားတွေတင်မကပဲ ထိုင်းပြည်သူတွေကပါ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့
ကြပါသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်သတင်းတွေကို ကမ္ဘာ့တ၀ှမ်းရှိ သတင်းမီဒီယာ
တွေမှာ တခမ်းတနားနဲ့ ဖော်ပြနေကြတာကို တွေ့ ရသလို  ထိုင်းမီဒီယာတွေကလည်း
တခမ်းတနားဖော်ပြနေတာတွေ့ ရပါသည်။

ဘန်ကောက်မြို့ပြင် ဆမွတ် ဆခွန်း ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများဗဟို ဌာနတွင် မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်(AFP)

ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသေဆုံးပြီ

မေလ(၂၇)ရက်နေ့က ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသည် ယနေ့ မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း Popular Myanmar News Journal - facebook အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့်

ဇနီး သူများ နောက်လိုက်ပြေးရာမှ ကိုယ့်ကို ကိုယ် သေကြောင်းကြံတဲ့.....

29 May 2012  | By Venus News Journal
ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ရွှေပြည်သာမြို့နယ် ဧရာဝတီ ပတ်လမ်း၊၆/ ထုံးဖိုစု ရပ်ကွက်နေသူ လှိုင်ဘွား (၃၁) နှစ်သည် ဇနီးသည် ဖြစ်သူမှ နောက်ယောကျာ်းနောက် လိုက်သွားသည်ကိုစိတ်ထိခိုက်ကာ ပိုးသတ်ဆေးများ သောက်သုံး ထားကြောင်း

Monday, May 28, 2012

NLD ရုံးခန်းဖွင့်ပွဲတွင် ပြည်သူမှ မေးခွန်းသုံးခုမေးခဲ့

ကျောက်တံတား NLD ရုံးဆိုင်းဘုတ်တင် ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်

 ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်သွားရန်
စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စက်ရုံတည်ဆောက်မည့်နေရာမှာ
ကလေးမြို့နယ် အင်ဒိုင်းကြီးရွာနှင့် ပေ(၃၅၀၀) ခန့်ရှိ
ထုံးကျောက်တောင်နေရာတွင်ဖြစ်ပြီ

း ကုမ္ပဏီမှ တာဝန်ရှိသူများ၊
ခရိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊
ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ကွက် ဧရိယာ
(၂၀၀၀)ခန့်ရှိကြောင်း သိရသည်။

၎င်းစက်ရုံနယ်နိမိတ်အတွင်းတွင် တောရိုင်းမြေနှင့် သစ်တောကြိုးဝိုင်းမြေ
ဧက (၁၀၀၀)ခန့် ပါဝင်နေပြီး အင်ဒိုင်းကြီးနှင့် အင်ဒိုင်းလေးကျေးရွာတို့မှ
တောင်သူ (၄၀)ဦးတို့၏ စိုက်ပျိုးမြေ (၄၆)ဧကလည်း ပါဝင်နေကြောင်း သိရသည်။

Sunday, May 27, 2012

ကိုးရီးယားသို့ရောက်ရှိခြင်း


အတိတ်ရဲ့ ပုံရိပ်တွေက မျက်ဝန်းထဲမှာ ကျန်ရှိနေပါတယ်...ဘယ်သောအခါမှ ပျောက်ကွယ်မသွားတော့ပါ





Tuesday, May 22, 2012

အမေ စု ဂုဏ်ထူးဆောင်ဘွဲ့ထပ်မံရရှိ

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

NLD

mandalay တွင် လူ ဖမ်းပွဲစနေပြီ ဆိုလား

ယနေ့မနက်ပိုင်းတွင် ယမန်နေ့ညများတွင်ပြုလုပ်ခဲ့သော ၂၄နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ပါတ်သက်ခဲ့သူ အချို့အား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

ဆန္ဒပြနေတဲ့ သံမဏိစက်ရုံ အလုပ်သမားတွေကို ရွှေည၀ါဆရာတော် သွားရောက်အားပေး


ရန်ကုန်တိုင်း မှော်ဘီ၊ မြောင်းတကာ စက်မှုဇုံ၊ Crown Steel Industry စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုကို ရွှေည၀ါ ဆရာတော်က ကြားဝင် စေ့စပ်ညှိနှိုင်းရန် အလုပ်ရှင်နှင့် တွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့ရာ အလုပ်ရှင်ဘက်မှ ငြင်းဆိုလိုက်ကြောင်းသိရပါတယ်။
YANGON CROWN စက်ရှုံဆန္ဒပြအလုပ်သမားများအားရွှေည၀ါဆရာတော်မှ”မင်းတို့ဘက်မှာငါရှိတယ်၊”ဟုအာပေးခဲ့သည်။

Sunday, May 20, 2012

ရေကူးဝတ်စုံနဲ့ korea မလေးတွေ ရဲ့ အက


korea မလေးတွေရဲ့ အလှနဲ့ အက


အမေနဲ့ရွာကို လွမ်းတယ်


ကြမ်းတမ်းတဲ့ သူတို့ ဘ၀လေးတွေ

မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်းမှာ အေးစိမ့်နေပေမယ့် မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားကြတယ်။

မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်ထားတဲ့ အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။ အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံး လဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦးကြို ပြုလိုက်ကြတယ်။

Saturday, May 19, 2012

ကင်မချီလုပ်နီးလေးပါ...အဆင်ပြေကြပါစေ

အကို ယောသူရေ ကျမ ကင်မချီ လုပ်နီးလေးတောင်းထားတာ မရသေးဘူးလား..ကျမ ကင်မချီ အရမ်းစားချင်လို့ပါရှင်.....သိရင် ကူညီပါလား....အကိုလုပ်တတ်လား လားဆိုပြီးမေးမေးနေတဲ့ မမကြီးလား ညီမလေးလား မသိပါဘူး....ကဲ ယောသူ ရှာဖွေပြီး တင်ပေးလိုက်ပါတယ်......ယောသူ မအားလို့ အချိန်ကြာသွားတာ စိတ်တော့မရှိပါနဲ့ နော် မအားတာကြောင့်မို့ပါ
၁။ မုန်ညှင်းဖြူ ထုပ်ကို အခုလို ထက်ခြမ်းခြမ်းပါ။
၃။ ဆားပွင့် အကြီးကြီး တွေကို ခုလို မျိုးဆားနဲ.အလွှာတွေ ကြားထဲကို ထည့်ပေးပါ။
၎။ ပြီးရင်ခုလိုမျိုး ဇလုံထဲမှာ ၈နာရီလောက် ပစ်ထားလိုက်ပါ။

Friday, May 18, 2012

ရှမ်းလမ်းဈေး (ဂွဈေး) တွင်မီးလောင်မှု

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းနှင့် ဗဟို လမ်းထောင့်ရှိ ရှမ်းလမ်းဈေး (ဂွဈေး) တွင် မေလ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

အမေစု နိုဘလ်ငြိမ်းချမ်းရေးဆု ယူဖို့ နော်ဝေးနိုင်ငံသွားတော့မယ်

လာမဲ့ဂျွန်လ(၁၇)ရက်
နော်ဝေးနိုင်ငံမှာကျင်းပမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မဲ့အခမ်းအနားကိုတက်ရောက်နိုင်ဘို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာဇွန်လ၁၅ရက်မှာနော်ဝေးနိုင်ငံရောက်ရှိ
မှာဖြစ်ကြောင်းနော်ဝေးသံတမန်သတင်းရပ်ကွက်ကတဆင့်စုံစမ်းသိရှိရပါတယ်။

Monday, May 14, 2012

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်ရေး အတားအဆီးတွေ ရှိနေဆဲ


တောင်ကိုးရီးယားသမ္မတ မြန်မာပြည်သွားပြီ

တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) ဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်ဖို့ ရှိပါတယ်။ မြန်မာပါဝင်တဲ့ အာဆီယံ + ၃ အနာဂတ်လုပ်ငန်းတွေ အတွက် ပြင်ဆင်လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ အီမြောင်ဘက် ဟာ ဒီနေ့ ညနေပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖွယ်ရှိပြီး မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။
အခု ခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီယားသမ္မတ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့တဲ့ တောင်ကိုရီယားသမ္မတဟာ ချန်ဒူးဝမ် ဖြစ်ပြီး၊ ၁၉၈၃ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက မြောက်ကိုရီးယားသူလျှိုတွေ မြန်မာနိုင်ငံ အာဇာနည်ကုန်းမှာ ဗုံးခွဲ တိုက်ခိုက်လုပ်ကြံမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် တောင်ကိုရီယား အစိုးရအဖွဲ့ဝင် အတော်များများ သေကြေ ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။
ဒါကြောင့်လည်း အခု တောင်ကိုရီးယား သမ္မတ Lee Myung-bak မြန်မာနိုင်ငံလာမယ့် ခရီးစဉ်အတွက် ခရီးစဉ် မတိုင်ခင်ကတည်းက လုံခြုံရေးပြင်ဆင်မှုတွေ အတော်လေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီယားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အတော်များများ မြှုပ်နှံလုပ်ကိုင်လျက် ရှိတာကြောင့် အခု တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ခရီးစဉ်မှာလည်း မြန်မာတောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးဖွယ် ရှိနေပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အခု စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ တွေ့ဆုံဖို့ရှိသလို စင်ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ကိုလည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံခြားရေး ၀န်ကြီးကို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K Shanmugam က နေ့လည်စာ တည်ခင်းဧည့်ခံဖို့ ရှိပါတယ်။ ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ မြန်မာနိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူမှာရှိတဲ့ အရပ်ဘက်ဝန်ထမ်းတက္ကသိုလ်နဲ့ အရှေ့တောင်အာရှဒေသ ယဉ်ကျေးမှု ပြတိုက်တွေကိုလည်း သွားရောက် လေ့လာဖို့ ရှိနေပါတယ်။

မြန်မာ အီးပီလုပ်သားလောင်းများအတွက် ဖုန်း(2-G Handset)များ အခမဲ့ဖြန့်ဝေပေးနေကြောင်း အသိပေးခြင်


မြန်မာ အီးပီလုပ်သားလောင်းများအတွက် ဖုန်း(2-G Handset)များအခမဲ့ဖြန့်ဝေပေးနေကြောင်း အသိပေးခြင်း

အင်ချောန်း ၊ မေ ၁၄
တယ်လီတော်ကီသည် ၊ မြန်မာအီးပီလုပ်သားလောင်းများ ကိုရီးယားနိုင်ငံသို့ ရောက်လျင်ရောက်ချင်း ကိုယ်ပိုင် လက်ကိုင်ဖုန်းများ အသုံးပြုပြီး မိဘဆွေမျိုးမိတ်သင်္ဂဟများထံ အဆက်အသွယ်ပြုနိုင်ကြစေရေး နှင့် မိမိတို့အခက်အခဲများကို သက်ဆိုင်ရာများသို့ အမြန်ဆုံး ဆက်သွယ် တင်ပြ ညှိနှိုင်း ဖြေရှင်းနိုင်ကြစေရေးအတွက် ၊ 2-G Handset လက်ကိုင်ဖုန်းများကို အခမဲ့ ပေးဝေလျက်ရှိပါကြောင်း လေးစားစွာအသိပေးအပ်ပါသည် -
အစီအစဉ်နှင့်စည်းကမ်းချက်များမှာ -
- မြန်မာပြည်မှ လာမည့်မိတ်ဆွေ(လုပ်သားလောင်း)များ

- မိတ်ဆွေတို့၏ နိုင်ငံကူးလက်မှတ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာ) ကို ဖက်စ် သို့မဟုတ် အီးမေးလ်ဖြင့် (မလာမှီ၂ရက်) ကျြိတင်ပေးပို့ထားရပါမည် ။
- မိတ်ဆွေတို့ မှာကြားထားသော လက်ကိုင်ဖုန်းကို အင်ချောန်းလေဆိပ်သို့ ရောက်လျင်ရောက်ချင်း ၊ လွဲပြောင်းပေးပါမည်။ (ဖုန်း၁သောင်းဖိုး ပြောနိုင်သော ၊ ဖုန်းကတ်(Refill Card)ဖိုး ဝမ် ၁ သောင်း ကိုမူ ၊ လက်ငင်းပေးချေရပါမည် ။)
- နိုင်ငံကူးလက်မှတ်မိတ္တူပေးပို့ချိန်တွင် ၊ နှစ်သက်ရာ နံပါတ်(နောက်ဆုံး၎လုံး)ရှိပါက ကြိုတင်ပြောကြား မှာထားနိုင်ပါသည် ။
- ကိုရီးယားရောက်ရှိပြီး မိတ်ဆွေ(လူသစ်)များ

- မိတ်ဆွေတို့၏ နိုင်ငံကူးလက်မှတ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာ) သို့မဟုတ် နိုင်ငံခြားသားစီစစ်ရေးကတ်မိတ္တူ (ရှေ့နောက်) ကို ဖက်စ် သို့မဟုတ် အီးမေးလ်ဖြင့် ပေးပို့ရပါမည် ။
- မိတ်ဆွေတို့ မှာကြားထားသော လက်ကိုင်ဖုန်းကို စက်ရုံ သို့မဟုတ် အလုပ်ရုံ သို့ ပို့ခ ပေးရွေးစနစ်ဖြင့် စာတိုက်မှ ပို့ပေးပါမည်။
- ဖုန်း၁သောင်းဖိုး ပြောနိုင်သော ၊ ဖုန်းကတ်(Refill Card)ဖိုး ဝမ် ၁ သောင်း ကိုမူ ၊ ကြိုတင် ပေးချေရပါမည် ။
- လိုအပ်သောစာရွက်စာတမ်းမိတ္တူနှင့် အတူ နှစ်သက်ရာ နံပါတ်(နောက်ဆုံး၎လုံး)ရှိပါက ကြိုတင်ပြောကြားမှာထားနိုင်ပါသည် ။

- မှတ်ချက်များမှာ-
- လက်ကိုင်ဖုန်း အခမဲ့ပေးဝေခြင်းအတွက် မည်သည့် အဖိုးစားနားကိုမျှ တောင်းဆိုခြင်းပြုမည်မဟုတ်ပါ ။
- မည်သည့်စာချုပ် မျှလည်း ချုပ်ဆိုရန် မလိုအပ်ပါ ။
- အခမဲ့ဖုန်းကို ၃ လ အတွင်း ဖျက်သိမ်းခြင်းမပြုလျင် လုံလောက်ပါသည် ။
စိတ်ပါဝင်စား အလိုရှိသူများ ၊ အောက်ပါအတိုင်း ဆက်သွယ် ဆောင်ရွက်နိုင်ပါသည် -
*ဖုန်း - 032-425-2457
*ဖက်စ် -0505-988-4483
*အီးမေးလ်- teletalki2011@gmail.com

မချစ်လို့မှမဟုတ်တာ ----

Sunday, May 6, 2012

ကဲ ဒီလောက်တောင် သူများpassword ခိုးချင်နေတဲ့ ကလေးသားလေးလာပြီနော်

မမ ယောသူရေ ကျွန်တော် စာရေးပြီးမေးထားတာ အခု ဆိုရင် ၂ ကြိမ်ရှိပါပြီ.......အခုလဲ ထပ်မေးလိုက်ပါရစေဗျာ ကျွန်တော် မမ ယောသူ ရေးထားတဲ့ ဘလောက်မှာ တခြား ဘလောက်တွေကလဲ အကောင့်ဖေါက်တာကို ရှာကြည့်ပါတယ်မတွေ့ပါဘူးဗျာ......ကျွန်တော် မကောင်းတာလုပ်ဖို့မဟုတ်ပါဘူး...ချစ်သူကို ကျွန်တော့ အကောင့်ကျတော့ပေးထားတယ် သူက ပြန်မပေးလို့ ညစ်နေတာပါ ....ချစ်သူ့အကောင့် password ကိုသိချင်တယ် ...ကျွန်တော် ကြိုးစားတာ မရဘူးဗျာ....လုပ်ပါအုံးနော် မမယောသူသိရင်
 လုပ်ပေးပါအုံး.......ဘလောက်လမ်ညွန်ဖြစ်ဖြစ်ပေါ့ ဟဲဟဲ မမက အရမ်းချောတယ်နော်......ဘလောက်မှာတင်ထားတဲ့ကောင်လေးက ယောသူ ချစ်သူလား.........ယောသူရေ သိသလောက်ကူညီပါအုံးနော်.......
ဟေး ကလေးသားရေ.......ယောသူ စာတွေ့ပါတယ်.....ဒါပေမဲ့ ယောသူ လိုင်းပေါ်မတက်ဖြစ်တာရယ်....လိုင်းမသုံးချင်တာရယ်ကြောင့်ပါနော်....ပြီးတော့ ယောသူက ဘလောက်ကို sunday မှ တင်ဖြစ်တာများပါတယ်.....ယူက ဘာလို့ သူများအကောင့်ကို လိုချင်နေရတာလဲ......ဒီအလုပ်က မကောင်းပါဘူး.....ညီလေးခဏခဏ သိချင်တယ်ဆိုပြီး မေးလာတော့လဲ.....တင်ပေးလိုက်ပါတယ်...သိရင်လွယ်ပါတယ်...မသိရင်တော့ ခက်တယ်ပေါ့.....ယောသူလဲ သိပေမဲ့ ဘယ်သူ့အကောင့်မှ မယူဖူးပါဘူး....သိထားတာလောက်ပါဘဲ...၁..အကောင့် security မေးခွန်းကို ဖြေနိုင်ရင် ရပါတယ်....ဥပမာ..teacher name လိုမျိုးပေါ့...၂.....စက်တလုံးတည်းသုံးတယ်ဆိုရင်တော့....google talk password recovery ဆိုတဲ့ ဆော့ဖ၀ဲကို သုံးဖို့လိုပါတယ်...ဒါလေးကို google search မှာ ရှာပြီး အင်စထောလုပ်ထားပါ....လွယ်ပါတယ်...၃....ဒါကတော့ နဲနဲ ခေါင်းသုံးရပါ့မယ် ဘယ်ကနေဘဲသုံးသုံး password  အားလုံးကိုသိနိုင်တဲ့ ဆော့ဖ၀ဲလေးပါ....ဒီလိပ်စာမှာရှာပြီး download ဆွဲပြီး အောက်မှာတင်ထားတဲ့ video link က ပုံစံအတိုင်းလုပ်ပေတော့.....http://www.youtube.com/watch?v=PRJGjM2S_Lo&feature=related   ဆော့ဖ၀ဲက အခု တင်ထားတဲ့ video ရဲ အောက်နားက www.gmailhacky.tk ကိုသာ ကလစ်ပတော့....အဆင်ပြေမယ်ထင်ပါတယ်.....ကဲ password ခိုးခံရသူတွေလဲ ပြန်ယူလို့ရတာလေးရှိပါတယ်.......မကြောက်ကြပါနဲ့......အထက်ပါvideo ဖိုင်ကိုကြည့်ပြီးရင် link လေးကိုသတိထားပေါ့....၀င်လာရင် မဖွင့်မိပါစေနဲ့........ကဲကေလးသားရေ.....ယောမြ ကိုလာလည်လို့ကျေးဇူးတင်ပါတယ်.....နောက်ဆို ကျွန်တော်  စုံစုံလင်လင် တင်ပေးထားပါ့မယ်....သတိတော့ထားပါ....ယောသူက မိန်းကလေးမဟုတ်ပါဘူး.....အကောင့်ပိုင်ရှင်က ဘလောက်ထဲက ပုံပါ....ယောသူ လို့ဘဲသုံးတတ်လို့ပါ....ယောသူက ဘာမှတော့မမတ်ပါဘူး....ဒီလိုဘဲကူညီရှာပေးတတ်ပါတယ်.....မကောင်းတာတော့ မလုပ်တာကောင်းပါတယ်.....ကလေးသားရယ်

Thursday, May 3, 2012

ကလေးမြို့က ခရစ်ယာန် သုဿန် မပြောင်းရွှေ့ဖို့ ဆန္ဒဖေါ်ထုတ်ပွဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့နယ်စည်ပင်သာယာက ခရစ်ယာန် ဘာသာဝင်အများစုရဲ့ ရုပ်ကြွင်းတွေကိုမြေမြုပ်နှံတဲ့ စံသာသုသာန်ကို ဒိုးဝိုင်းချောင်း သုသာန်တည်ရှိရာကို တလအတွင်း ပြောင်းရွှေရရမယ်လို့ ဧပြီလဆန်းက ကြေညာချက်ထုတ်ခဲ့ပါတယ်၊ ဒါကြောင့် စံသာသုသာန်မှာရှိတဲ့ အထိမ်းအမှတ်အုတ်ဂူတွေကို ပြောင်းရွှေ့ခြင်း မပြုဖို့အတွက် ခရစ်ယာန် ဘာသာဝင် တွေက ဒီကနေ့မနက် (၇) နာရီမှာ ဆန္ဒဖော်ထုတ်ပွဲ
ပြုလုပ်ခဲ့ပါ တယ်၊

ဒီပွဲကို ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ဘုန်းကြီးများပါဝင်တဲ့ အသင်းတော်(၃၀)က ဦးဆောင်ပြီး လူဦးရေ(၁၀၀၀)ခန့် ပါဝင်ခဲ့တာဖြစ်ပါတယ်၊ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးဗုန်းဇနမ်းက အခုလိုပြောပါတယ်။

“ကျနော်တို့ ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ဆန္ဒထုတ်ဖော်တာပါ ဘိုးစဉ်ဘောင်ဆက်ကတည်းက ကျနော်တို့က ဒီကလေးမြို့မှာ ၁၅ နှစ်ပတ်ဝန်းကျင်လောက်ကနေ အခုထိက ၃ကြိမ်တိုင်တိုင် ပြောင်းရွေ့ ခိုင်းပြီးတော့ ခဏခဏပြောင်းတဲ့အခါကြတော့ တိုင်းရင်းသားရိုးရာ အရ လုံးဝမလွယ်။ နောက်ပြီးတော့မှ ကျနော်တို့ ခရစ်ယာန်ဘာသာအရလည်း ခဏခဏပြောင်းရွှေ့ဖို့ရာ အုတ်ဂူလုပ်တာ မဟုတ်ပါဘူး။ နောက်ပြီးတော့မှလည်း အဲဒီစည်ပင်နဲ့ ခဏခဏ အဲဒီလိုဖြစ်နေတဲ့အခါကြတော့ အင်မတန်မှ ဆင်းရဲနွမ်းပါးမှု ပေါ့ဆမူ ကျနော်တို့ဒီ မူနဲ့မကိုက်ဘူးလို့ ယူဆပါတယ်”

ကလေးမြို့ စည်ပင်သာယာက အဆိုပါစံသာသုသာန်က အုတ်ဂူနဲ့ အထိမ်းအမှတ်များကို ဒိုးဝိုင်းချောင်း သုသာန်ဆီကို တလအတွင်းပြောင်းရွှေ့ရမယ် လို့ မတ်လ(၃)ရက်နေ့က ကြေညာခဲ့ပါတယ်၊ ဒါပေမယ့် အဆိုပါသုသာန်အသစ်ကို ပြောင်းရွှေ့ရမယ်ဆိုရင် အုတ်ဂူမြေနေရာအတွက် ငွေပေးဝယ်ယူရခြင်း၊ စံသာသုသာန်မှာ မကြာမှီကမှ မြေမြုပ်ထားတဲ့ ရုပ်ကြွင်းများ ဆက်လက်ရှိနေခြင်း၊ အထိမ်းအမှတ် အုတ်ဂူပေါင်း (၁၀၀၀၀)ကျော်ကို စံသာသုသာန်မှာ
မြုပ်နှံထားခြင်း စတာတွေကြောင့် သူတို့တွေအနေနဲ့ ဒီသုသာန်ကို အဖျက်ဆီးမခံနိုင်တာပါလို့ ဆန္ဒထုတ်ဖော်သူတွေက
ပြောပါတယ်၊ ဦးဗုမ်းဇနန်းကတော့-

“ကျနော်တို့က နောင်လာနောက်သားများလည်း ကျနော်တို့ရဲ့
အဘိုးအဘွားတွေ ကြည့်လို့ရအောင်ဆိုပြီးတော့ ကျနော်တို့က
အုတ်ပတ်ကားနဲ့ လုပ်ထားတာတွေကြတော့ ကျနော်တို့က ဖျက်ဆီးဖို့က လွယ်လဲမလွယ်ဘူး။ နောက်ပြီးတော့ ကုန်ကျစရိတ်လည်း မခံနိုင်တော့ဘူး”

၁၉၉၄ ခုနှစ်က ယခင်က ပင်လုံသုသာန်ဟောင်းကို ထောက်လှမ်းရေး
တပ်ခွဲရုံး မြေနေရာအတွက် ပေးခဲ့ရပြီး ယခုရှိနေတဲ့ စံသာသုသာန်ကို
ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်၊

အဲဒီအချိန်ကလည်း ပင်လုံသုသာန်မှာ ကျွင်းကျန်ရစ်တဲ့ အုတ်ဂူတွေကို ဘူဒိုဇာတွေနဲ့ ထိုးကော်ဖျက်ဆီးခဲ့ပါတယ်။ အခုစံသာသုသာန်ကို ဖျက်ဆီးမှာ မလိုလားကြောင်း ဒါကြောင့် စည်ပင်သာယာအမိန့်ကို ပြင်ဆင်ပေးဖို့ ဧပြီလ(၂၇)ရက်နေ့က ကလေးမြို့က အသင်းတော်ပေါင်း (၂၈)ပါးနဲ့ လူဦးရေ ၂သောင်းခန့် လက်မှတ်ထိုးပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဆီလည်း စာတင်ခဲ့သေးပေမယ့် အခုထိတော့ အကြောင်းမပြန် သေးဘူးလို့ ဦးဗုမ်းဇနမ်းက ပြောဆိုပါတယ်။
RFA-Burmese

Tuesday, May 1, 2012

ယောယောရဲ့ လတ်တလော ပုံရိပ်များ

အခုတလော  ယောယော စိတ်တွေ ညစ်နေပြီး ဘာကိုမှ စိတ်မ၀င်စားတဲ့အခြေအနေတွေမှာ ပုံရိပ်တွေက ပြန်နှိုးဆွပေးခဲ့ပါတယ်......ဘယ်လိုမှ မထင်ထားတဲ့ အမေနဲ့ညီမလဲ လိုင်းပေါ်ကနေ စကေားပြောခွင့်ရခဲ့တယ်....ယောသူ လိုင်းမသုံးတာကြာပါပြီ .......ဒီ အွန်လိုင်းကြောင့် ငါ့ဘ၀လဲ သာယာခဲ့သလို စိတ်ညစ်စရာတွေ က များနေသလာလို့ပါ.....မေ့ချင်ပေမဲ့ အတိတ်က ဇာတ်ကြောင်းတွေကို ကွန်ပျူတာလို memory ဆိုသာဆိုရင် ချက်ချင်းformat လုပ်ချင်ပေမဲ့.....မေ့လို့မရတဲ့ virus က ကာဆီးနေပါတယ်......