Friday, April 27, 2012

ဘင်္ဂလားဒေရှ့် နိုင်ငံ နယ်စပ်ဒေသရှိရိုဟင်ဂျာဒုက္ခသည်များ ခိုးဝင်လျက်ရှိ

မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ဦးတည်၍ ဘင်္ဂလားဒေရှ့် နိုင်ငံ နယ်စပ်ဒေသရှိရိုဟင်ဂျာဒုက္ခသည်များ ခိုးဝင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

"ကျွန်တော်တို့ ပုလဲမြို့ နယ် ရဲစခန်းမှာ ခုလောလောဆယ် ဖမ်းမိထားတာ ၄ ယောက်ရှိတယ်။ သူတို့ ကို ချင်းတောင်နဲ့ ကပ်နေတဲ့ ဂန့်ဂေါမြို့ နယ်နဲ့ မုံရွာခရိုင်၊ ပုလဲမြို့နယ် နယ်စပ်မှာ ဖမ်းမိခဲ့ တာပါ။ အရင်တုန်းက ဒီလိုမျိုးအမှု တော်တော်နည်းပါတယ်။ အခုနှစ်ပိုင်းအတွင်းမှာတော့ ၃ မှုလောက်ရှိပြီ သူတို့ ခိုးဝင်တာကို မိတာ။ လွတ်သွားတာတွေတော့ ဘယ်နှစ်ယောက်ရှိမလဲ မပြောတတ်ဘူး။ အရင်တုန်းကတော့ အခုလိုခိုးဝင်လာတဲ့ သူတွေကို လ.၀.က အက်နဲ့ အရေးယူပြီး ထောင်ချလေ့ရှိပါတယ်။ အခုတော့ မူရင်းဒေသကို ရဲက တာဝန်ယူပြီး ပြန်ပို့ ရမယ်လို့ ညွှန်ကြားထားတော့ ကျွန်တော်တို့  ရဲက ဘယ်လို ဆက်လုပ်ရမယ်မှန်း မသိဘူး"

ဟု ပုလဲမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ CJMyanmar သို့ ပြောပြပါသည်။

"ကျွန်တော်တို့လည်း အခုလို ရိုဟင်ဂျာတွေ ဖမ်းမိထားတယ်ဆိုတာ ကြားတယ်။ သူတို့ တွေက ဒီဘက်ကို ခြေကျင် တစ်လှည့် ဆိုင်ကယ်ကယ်ရီ တစ်လှည့်နဲ့ ခိုးဝင်နေကြတာ" ဟု ပုလဲမြို့ခံတစ်ဦးကလည်း ပြောပါသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် နယ်စပ်ဒေသရှိ ရိုဟင်ဂျာဒုက္ခသည်များအရေးမှာ နှစ်နိုင်ငံအစိုးရများကြား ဖြေရှင်းရ ခက်ခဲသော အခြေအနေတွင်ရှိနေကြောင်း သိရှိရပါသည်။

(ယခုတင်ထားသောသတင်းသည် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လူဝင်မှုကြီးကြပ်ရေး ပြဿနာများဖြင့်သာ သက်ဆိုင်သောကြောင့် မလိုလားအပ်သော ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှု မှတ်ချက်များ မရေးသားကြပါရန် ပန်ကြားအပ်ပါသည်)

ရိုဟင်ဂျာဒုက္ခသည်များ ခိုးဝင်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာ- ဂန့်ဂေါမိုင်တိုင်ပြ မှတ်တိုင်..




Thursday, April 26, 2012

ကိုရီးယားမှာ မြန်မာသင်္ကြန် ၂ခါ ကျတော့မှာလား....

အန်ဆန်းရှီဟွာ မြန်မာမိသားစုသင်္ကြန်ပွဲတော်ကို အောက်ပါအတိုင်းကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်တော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်-
နေ့ရက် -
- ၂၀၁၂ မေလ ၆ ရက်
အချိန်-
- နံနက် ၁၁း၀၀မှညနေ ၅း၀၀ အထိ
နေရာ -
- 경기도(ဂယောင်းဂီဒို),시흥시(ရှိဟုန်ရှိ),옥국공원(အုတ်ကွတ်ပန်းခြံ)
လမ်းညွှန် -
- ဘူဖျောင်း(Bupyeong) ၊ ဘူချွှန်း (Bucheon) ဖက်မှလာလျင် ၇၃၇(Bupyeong~Suwon) ကားစီး ၊ ရှီဟွာအီးမတ်(E-mart)ဆင်းပြီး၊ အီးမတ်အရှေ့ဘက်ခြမ်းမှ ၊ တက္ကစီစီးပါကဝမ် ၃၀၀၀ သာ.....
- အန်ဆန်း(Ansan)ဘူတာမှလာလျှင် ၁၂၅ကားစီး...
- ဆိုးလ်မှလာလျှင်ရထားလိုင်း၎စီး ၊ ချောင်ဝေါန်(Cheongwon)ဘူတာဆင်းပြီး၊ တက္ကစီစီးပါ ဝမ် ၃၀၀၀သာ….
ပါဝင်ပူးပေါင်းမည့်အဖွဲ့များ-
- အန်ဆန်းရှီဟွာမြန်မာမိသားစု
- အဖြူရောင်လူငယ်
- မိုးကြိုးဘောလုံးအသင်း
- ဓမ္မဒူတ
- သန္တိကရ၀ိဟာရ
တေးဂီတ -
- The Mirror Band,
- Rainbow Band
အကျွေးအမွေး -
- ဒံပေါက်
- ၀က်သားဒုတ်ထိုး
-ေ၇ွှရင်အေး

မြန်မာတွေ ၀တ်စားဆင်ယင်ပုံကို ပြောလိုက်တဲ့ မြန်မာ မမ

သူပြောတာတွေက လဲ ဟုတ်တော့ဟုတ်နေတာဘဲလေ.....ထိမ်သိမ်းကြစမ်းပါ မြန်မာ့ယဉ်ကျေးမှုကို.......သူပြောသလို မဖြစ်ကြပါနဲ့..........ကောင်းတာကိုဘဲ အတုယူကြပါ မြန်မာမိန်းကလေးတွေရယ်.........

Sunday, April 15, 2012

ကူညီပေးလိုက်ကြစမ်းပါဗျာ

Dear ယောသူမလေး၊

ဦးလေးကအသက်၆၅ကျော်ပြီး၆၆ပြည့်
ခါနီးပြီဖြစ်တဲ့မန္တလေးတက္ကသိုလ်ကျောင်းသားအိုတယောက်ပါ။၁၉၆၅-၆၈အထိ အောင်မင်္ဂလာအဆောင်မှာနေခဲ့ပါတယ်။၁၉၆၈ခုနှစ်မှာဇာတိမြို့ နဲ့ နီးတဲ့ရန်ကုန်ဝ/သတက္ကသိုလ် ကိုပြောင်းသွားခဲ့ ပါတယ်။ အဲဒီအခါကစပြီးအလွန်ခင်တွယ်ခဲ့ရတဲ့ယောဒေသကGeologyသူငယ်ချင်းနဲ့ ကင်းကွာသွားပြီး ပြန်မတွေ့ ရ တော့ပါ။သူလည်းဦးလေးအသက်အရွယ်လောက်ရှိမယ်။အမည်ကဦးမျိုးညွန့် တဲ့။ဗမာ မယ်ဒလင်တီး တာအလွန်ကျွမ်း ကျင်ပြီး စန္ဒယား တီးနေလားထင်ရတယ်။

သူ့ ကိုသမီးဝိုင်းရှာပေးနိုင်မလား။အင်တာနက်ပေါ်ကနေသူငယ်ချင်းတွေကတဆင့်ပေါ့။ ဦးလေးအမည်က အန်ထနီလိပ်(ခ)ဦးလွန်း - ရုက္ခဗေဒမေဂျာကပါ။

ကျေးဇူးတင်ပါတယ်။

ဦးလွန်း
(ငယ်နံမည် မောင်လွန်း - St. Paul ရောက်တော့ Anthony Laik - တက္ကသိုလ်ဒုတိယနှစ် ငယ်မည် မောင်လွန်းသို့ ပြန် ပြောင်း) ဟဲ ဟဲ ဒီဦးလေက ကျွန်တော့ကို ယောသူမလေးတဲ့

Saturday, April 14, 2012

မြန်မာ့ သင်္ကြန် သရုတ်ပျက် ပုံအချို့များ

ဒီလို သရုတ်ပျက်စွာဝတ်စားနေမှတော့ မြန်မာဆိုတာ မထင်ရတော့ဘူး ဘယ်မှာလဲ မြန်မာ့ယဉ်ကျေးမှု




သူတို့ မိဘတွေ အစားရှက်မိပါတယ် လုပ်ရဲတဲ့သူက မရှက်ပေမဲ့ ကြည့်တဲ့ သူတွေက ရင်လေးမိပါတယ် သက်ြန်ကို ရိုးရာအကလေးတွေ ရိုးရာ ရေပက်တာလောက်ဆိုရင် ဘယ်လောက်ကျက်သရေရှိမလဲ ဒီနှစ်ကတော့ အက်ြကလဲ ၂ ရက်ဆိုတော့ မြင်ယောင်သေးတယ် မြန်မာမလေးတွေရေ အားလုံးသာ ချွတ်ထားလိုက်ပါတော့........

Thursday, April 12, 2012

၁၂ ကြိမ်မြောက် နှစ်သစ်ကူးအတာသင်္ကြန်ပွဲ ဖိတ်ကြားခြင်း

၁၂ ကြိမ်မြောက် နှစ်သစ်ကူးအတာသင်္ကြန်ပွဲ ဖိတ်ကြားခြင်း


မြန်မာ့ရိုးရာ နှစ်ဟောင်းလွန်မြောက် နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယ တန်ခူးလ၌ နှစ်ဟောင်းမှ ပြုခဲ့သမျှ အညစ်အကြေးများ လွင့်ပျောက်စေခြင်းငှာ ရေဖြင့်ဆေးကြောသုတ်သင်၊ ကုသိုလ်ကောင်းမှုယူငင်ကြသည့် အတာသင်္ကြန် နှစ်သစ်ကူးပွဲတော်အား တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအသင်း(ကိုရီးယား)၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပခဲ့ကြရာ ယခုနှစ်တွင် ၁၂ ကြိမ်မြောက် အတာနှစ်ကူး သင်္ကြန်ပွဲတော်အား ကျင်းပသွားမည် ဖြစ်ပါသဖြင့် တောင်ကိုရီးယားနိုင်ငံ ဒေသအသီးသီးရှိ မြန်မာညီအစ်ကို မောင်နှမများအား ဖိတ်ကြားအပ်ပါသည်။

မြန်မာအသင်း(ကိုရီးယား)နှင့် အခြားသော အဖွဲ့အစည်းအသီးသီးမှ တည်ခင်းဧည့်ခံကြမည့် စတုဒီသာများကို သုံးဆောင်ရင်း ရိန်းဘိုးတေးဂီတ၊ မျိုးချစ်မောင်ဒိုး၊ ယိမ်းအက၊ မွန်၊ ချင်း အစရှိသော တိုင်းရင်းသား ဖျော်ဖြေမှုများကို နားသောတဆင်ရင်း လုပ်ငန်းခွင် ဒုက္ခအစုံစုံ၊ ဘ၀အမော အဖုံဖုံတို့အား နှစ်ဟောင်းတွင် ထားရစ်၊ ချန်ရစ်နိုင်ကြစေရန် အတူတကွ လာရောက်ဆင်နွှဲကြပါရန် မြန်မာအသင်း(ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့မှ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၀၁၂ ဧပြီလ ၁၅ တနင်္ဂနွေနေ့
နေရာ = ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့(종합 운동장)
အချိန် = မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီ
















မဟာသင်္ကြန်ပွဲတွင် ပူးပေါင်း ပါဝင်ကြမည့် ကိုရီးယား အခြေစိုက် မြန်မာအသင်းအဖွဲ့ မဏ္ဍပ်များနှင့် ဧည့်ခံကျွေးမွေးကြမည့် စတုဒီသာများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁) ဗုဒ္ဓသာသနာပြုကျောင်းတော် ----- ဆီထမင်း + လက်ဖက်ရည်
၂) သန္တိကရ ၀ိဟာရ ကျောင်းတော် (အန်ဆန်းမြို့) ----- ကွတ်တီယို
၃) အောင်ဆန်းဘောလုံးအသင်း ----- ပေါင်မုန့်ကြက်ဥကြော်
၎) ရခိုင်အသင်း (ကိုရီးယား) ----- ရခိုင်မုန့်တီ + လှော်စာ၅) ချောင်းဦးအသင်း (ကိုရီးယား) ----- အသုတ်စုံ
၆) မွန်အသင်း ----- အအေးဖျော်ရည်
၇) အန်ဆန်းရှီဟွာ ----- ပေါက်စီ + လက်ဖက်ရည်
၈) မိုးကြိုးဘောလုံးအသင်း ----- ၀က်သားတုတ်ထိုး
၉ ) ပြည်သူ့ဂုဏ်ရည် (ကိုရီးယား) -----
၁၀) ကိုရဲနိုင်ဝင်းနှင့် သူငယ်ချင်းများ ----- Cheese Cake + လက်ဖက်ရည်
၁၁) BAK ----- မုန့်လုံးရေပေါ်
၁၂) အဖြူရောင်မေတ္တာ လူငယ်များ ----- သာကူ
၁၃) NLD ----- ဘယာကြော်သုတ်
၁၄) သပြေ -----
၁၅) မြန်မာစင်တာ ----- ကြာဇံဟင်းခါး
၁၆) Global Top (အကျိုးဆောင်လုပ်ငန်း) ----- ပဲသုတ်
၁၇) ယိုးဒယားအဖွဲ့ ----- ဖက်ထုပ်ကြော်
၁၈) 곤지암 လူငယ်များ -----
၁၉ ) ကင်ပို လူငယ်များ ----- အအေးစုံ
၂၀) ဂွမ်ဂျူးလူမှုရေးအသင်း ----- တိုဟူးသုတ်
၂၁) Lotus Foundation International (Korea) ----- ငှက်ပျော်သီးပေါင်း


(အဆိုပါ မဏ္ဍပ်များမှာ ပါဝင်ဆောင်ရွက်ကြမည့် ညီအကိုများအနေဖြင့် ပွဲတော် မကျင်းပမှီ မနက် ၁၀ နာရီခန့်တွင် လာရောက်ကြပြီး ကြိုတင်ပြင်ဆင်ကြပါရန်နှင့် လိုအပ်ချက်များရှိပါက တာဝန်ရှိသူများထံ ကြိုတင်အကြောင်းကြားပေးကြပါရန် နှိုးဆော်အပ်ပါသည်။)

ပိုးအိစံ အချိန်ရမှာနားထောင်ပါ


ပိုးအိစံ ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ


Sunday, April 8, 2012

ဦးခင်ညွန်က ဒေါ်အောင်ဆန်းစုကြည်ကို အသက်ဘေးမှ ကယ်တင်ခဲ့ကြောင်း မီဒီယာတွင် ထုတ်ဖေါ်ပြောကြား

မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။


AFP
ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။
" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"
ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

RFA

KBJ ဆရာ ဆရာမ များနဲ့ တွေ့ဆုံမှု နှင် လတ်တလော အမှတ်တရများ













လူတိုင်းမှာ တကယ်မလုပ်ဖြစ်တာတခုရှိပါတယ်  ကိုယ့်အကြောင်း ကိုယ် သိဖို့ပါဘဲ....ကိုယ့်အကြောင်း ကို ကိုယ် အမှန်တိုင်းသိဖို့ အရမ်းခက်ပါတယ်...........

Thursday, April 5, 2012

သစ္စာရှိပါ ပန်းပိတောက်ရေ

ကျွန်တော် ငယ်ငယ်တုန်းကတော့ ပန်းပိတောက် ဆိုတာ တနှစ်မှ တလ တလ မှာ တကြိမ် သာပွင့်တယ်လို့ ထင်ထားခဲ့တယ်လေ ဟုတ်မယ်လဲထင်ပါရဲ့ဗျာ ကျွန်တော် ယောမှာနေတုန်းက ပန်းပိတောက်ဆိုတာ  တန်ခူးလမှာဘဲတွေ့ရတာပါ အခုတော့  ယောမြေ ရန်ကုန်မှာတွေ့နေရတာ တန်ခူးလလဲ ရှိတယ် ကဆုန်လလဲရှိတယ် အချိန်ခါမဟုတ်လဲ ပွင့်တယ် ပန်းပိတောက်ကလဲ မြို့မှာ တခေတ်ဆန်းနေပါလားလို့တွေးပြီး အော် တို့ယောမြေ မှာလဲ ပန်းပိတောက်တွေ ဒီရန်ကုန်မှာလိုဘဲ သစ္စာ မဲ့နေကြပြီလားလို့ တွေးနေမိပါတယ် သစ္စာမှရိရင် မုန်းဖို့ ကောင်းပေမဲ့ လူတွေကလဲ ဒီပန်းပိတောက်ကို ချစ်မြတ်နိုးဆဲပါ အော် ပန်းပိတောက်ရေ ဘာလို့ မနာကြီးနေတာလဲလို့မေးချင်ပါတယ် ဟုတ်ပါတယ် သူက အရမ်းလှပေမဲ့ ဆွတ်ခူးလိုက်ရင် လက်ထဲမှာတောင် ကြာကြာမနေပါဘူး မနာကြီးတာမဟုတ်ဘူးလား ကဲပါ ပန်းပိတောက်ရေ  ယောမြေ ကတော့  မြန်မာလူမျိုးဆိုတော့လဲ တန်ခူးလ ဧပြီလရောက်တိုင်း သစ္စာ မရှိတဲ့ ပန်းပိတောက်ကို  ခလုပ်တိုက်မိသလို သတိရလို့ရေးလိုက်တာပါ  ဒီနှစ်တော့ ပန်းပိတောက်နဲ့ဝေး ရအုံးမှာပေါ့ နော်

ကိုရီးယားနိုင်ငံရောက် မြန်မာ E-9 အလုပ်သမားများ အမိ မြန်မာနိုင်ငံသို့ အရစ်ကျစနစ်ဖြင့် ကားတင်သွင်းနိုင်ပြီ

ကိုရီးယားသို့ အီး-၉ ဗီဇာဖြင့် လာရောက် လုပ်ကိုင်နေထိုင်သည့် မြန်မာအလုပ်သမားများ အတွက် အထူးအစီအစဉ် အဖြစ် မော်တော်ကား အသစ်/အဟောင်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး၊ မြန်မာပြည် အရောက် ပို့ဆောင်ရေးကိုပါ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆောင်ဝူးရောင်းဝယ်ရေး ကုမ္ပဏီက ယနေ့ ကြေညာပါသည်။

အဆိုပါ အစီအစဉ်အရ Samsung, Hyundai, KIA, Ssangyong, Daewoo ထုတ် အိမ်သုံး(လူစီး)နှင့် အငယ်စား ကုန်ကားများကို လပေါင်း ၃၀ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးမည်ဟု သိရပါသည်။ ကားတန်ဖိုး၏ ၂၀ ရာနှုန်း ငွေပေးချေပြီးပါက မြန်မာပြည်သို့ တင်ပို့နိုင်ပြီဟု ဆိုပါသည်။

ဝယ်ယူသူ မြန်မာ အလုပ်သမားသည် ကိုရီးယားမှ အပြီးအပိုင် မထွက်ခွာမီ ကားတန်ဖိုးကို အပြီးအကျေ ငွေချေရန် တာဝန်ခံနိုင်သည့် အခြေအနေ ရှိရမည် ဖြစ်ပြီး၊ မိမိ၏ ကိုယ်ရေး အချက်အလက်နှင့် အလုပ်အကိုင်ဆိုင်ရာ အထောက်အထားများကို တင်ပြ၍ ကုမ္ပဏီနှင့် ညှိနှိုင်း ၀ယ်ယူနိုင်သည့် စနစ်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားပါသည်။

ယခု ရောင်းဝယ်ရေး အစီအစဉ်မှာ မြန်မာပြည်ဘက်မှ ပြောင်းလဲလာသော အခြေအနေများနှင့် မော်တော်ယာဉ် တင်သွင်းခွင့်များ ပွင့်လင်းလာမှုကြောင့် မြန်မာလုပ်သားများ အဆင်ပြေပြေ ၀ယ်ယူနိုင်ရန် အထူးစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဆောင်ဝူးကုမ္ပဏီမှ ဒါရိုက်တာ ဘတ်ဂျီဟယွန်းက ပြောပါသည်။

ဝယ်ယူနိုင်သည့် ကားအမျိုးအစားများ၊ ဈေးနှုန်းနှင့် ၀န်ဆောင်ခများ၊ ရောင်းချပေးမည့် စနစ် အသေးစိတ် သိလိုပါက အောက်ပါ အတိုင်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းကောင်း ဖြန့်ချိလိုက်ပါသည်။

성우상업 : www.sungwusale.co.kr
주소 : 서울특별시 강동구 명일동 44-2
전화번호 : 02-4811-8233 팩스번호 : 02-4811-8235
대표이사 : 박지현 휴대폰 : 010-2201-8539

ဆက်စပ်သတင်းများ -
- ကိုရီးယားထုတ်ကားများ ဝယ်ရောင်းလိုပါက အကျိုးဆောင်ပေးပါမည်
- ကုမ္ပဏီများနှင့် ပြည်ပရောက် မြန်မာလုပ်သားများ ရက်ပိုင်းအတွင်း ကားစီးရေ နှစ်သောင်းခန့် သွင်းခွင့်ရမည်

Tuesday, April 3, 2012

အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား

ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင်

ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။

အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။ 
 Yangon Press International

မြန်မာ နိုင်ငံက တန်ဖိုးနည်း GSM ရဲ့ အားနည်းချက်

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးမှ လွဲ၍
ကျန်ရှိသည့်ပြည်နယ်တိုင်းများတွင် မတ်လလကုန်ပိုင်းက ထုတ်ခဲ့သော
တန်ဖိုးနည်း GSM ဖုန်းများ သုံးစွဲရာတွင် အဆင်မပြေမှုများဖြစ်နေကြောင်း
မကွေးတိုင်းတွင် သုံးစွဲသူများနှင့် ဖုန်းဆိုင်အချို့က သိရှိရသည်။

“မကွေးတိုင်းရဲ့ လိုင်းဆွဲအားဟာ နှေးကွေးမှုတွေ ရှိနေတယ်။
ဖုန်းလိုင်းတွေလည်းကြပ်တယ်။ တခါတလေ ငွေဖြည့်ကတ်ထည့်တဲ့ အခါတွေမှာပါပြဿနာတွေ ဖြစ်ပြီး ဆိုင်ရောက်လာ တာတွေရှိတယ်။”ဟု
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖုန်းဆိုင်က အရောင်းကိုယ်စားလှယ် တစ်ဦးကပြောသည်။

အဆိုပါ မကွေးတိုင်းတွင် ဖုန်းလိုင်း မိသော်လည်း  ခေါ်၍မရကြောင်း
ဖုန်းငွေဖြည့်ကဒ် ထည့်သည့် အခါတွင် ကဒ်အသစ်တွင် ရှိသည့် ငွေများ
အလွန်အကျွံ လျော့နည်းသွားခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“ဖုန်းလိုင်းကတိုင်အပြည့်ရှိနေတယ်။ ဒါပေမယ့် ခေါ်လို့မရတာတွေ
ငွေဖြည့်ကဒ်ထည့်ပြီး ပြန်စစ်ကြည့်တဲ့အခါ ငွေမရှိတော့တာတွေ အဲလို ပြဿနာတွေအဖြစ်များနေတယ်။”ဟု ဖုန်းသုံးစွဲသူများမှ ပြောသည်။

အဆိုပါ ကိစ္စရပ်များဖြစ်ပေါ်ရခြင်းသည် မကွေးတိုင်း ဒေသကြီးတွင်ရှိသော
ဖုန်းတာဝါတိုင် အရေအတွက်နှင့်  ဖုန်းချထားမှု ပမာဏ မညီမျှမှုများကြောင့်
ယခုလို ပြဿနာ အချို့ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဖုန်းအရောင်းဆိုင်များက
သုံးသပ် ပြောကြားကြသည်။

မကွေးတိုင်း ဒေသကြီးတွင် ဖုန်းလိုင်းဆွဲအား
နှေးကွေးများဖြစ်ပေါ်နေသော်လည်း ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင်
ဖုန်းလိုင်းဆွဲအား ကောင်းမွန်လျက်ရှိကြောင်းနှင့် သုံးစွဲရာတွင် အဆင်ပြေ
ကောင်းမွန်လျက်ရှိကြောင်း အဆိုပါ ဒေသများရှိ ဖုန်းအရောင်းဆိုင်များက
စုံစမ်းသိရှိရသည်။

အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း
ဒေသကြီးများတွင် ဧပြီလ(၉) ရက်နေ့မှသာ စတင်ချထားပေးမည် ဖြစ်ပြီး ဧပြီလ ၉ရက်မှ ၁၁ ရက် အထိ ရောင်းချပေးမည်ဖြစ်ပြီး သင်္ကြန်ကျမည်ွှ အစိုးရရုံးပိတ်ရက်များတွင် ရောင်းချခြင်းအား ခေတ္တပိတ်ထားမည် ဖြစ်ပြီး နှစ်ဆန်း
၂ ရက် နေ့တွင် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
 ထွန်းနေအောင်(မြစ်မခ)

ဒေါ်အောင်ဆန်းစုကြည် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြန်ပြီ

ဆုတခု ထပ်ရပြန်တဲ့ စု
အိန္ဒိယနိုင်ငံ ပူးနေးမြို့ အခြေစိုက် ဆာရ်ဟတ် လူမှုရေးအဖွဲ့ကနေ အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ်အတွက် ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ ဒီကနေ့မှာ ရွေးချယ် လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်ပြီး အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီရေး ၊ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ခဲ့တာကြောင့် ဒီဆုကို ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆုတံဆိပ်နဲ့ ဆုကြေးငွေ အိန္ဒိယနိုင်ငံ ရူပီးငွေ ဆယ့်တသိန်း (၁၁ သိန်း) ကို လာမယ့် ဂျူလိုင်လမှာ ပေးအပ်မှာဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာယူနိုင်အောင် ဖိတ်ကြားမယ်လို့ ပြောပါတယ်။

ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေး ဆုဟာ အရှေ့တောင်အာရှ နိုင်ငံတွေက ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် ကိုယ်ကျိုးစွန့် လှုပ်ရှားသူတွေနဲ့ ဒေသတွင်း တိုးတက်မှုအတွက် လုပ်ဆောင်သူတွေကို နှစ်နှစ် တကြိမ် ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဒီဆုဟာ ပထမဆုံးဆု ဖြစ်တယ်လို့ သိရပါတယ်။

ဘီဘီစီ

အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးကို မြန်မာ-ယမ်စီကြေးနီထုတ်လုပ်ရေးကုမ္မဏီဝန်ထမ်းတစ်ဦးက ခိုးယူပေါင်းသင်း

ပေတရု

ဆားလင်းကြီး၊မတ်-၂၈

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ဒုန်းတောကျေးရွာနေ အရွယ်မရောက်သေးသည့် မိန်းကလေးငယ်တစ်ဦးကို ရွာအနီးရှိ မြန်မာ-ကမ်စီကြေးနီထုတ်လုပ်ရေးကုမ္မဏီဝန်ထမ်းတစ်ဦးက ခိုးယူပေါင်းသင်းခဲ့သည့် ဖြစ်မှုတစ်ခုကို မတ်လ ၂၈ ရက်မနက် ၁၀ နာရီ၄၅ မိနစ်အချိန်ခန့်က သက်ဆိုင်ရာက ဥပဒေအရရေးယူဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ်သို့ရောက်ရှိနေသူ ယင်းကုမ္မဏီရှိအမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

          “ဒုန်းတောရွာထဲက ဒေါ်စိန်ရဲ့ သား မောင်သန်းဇော်ထိုက်နဲ့ သမီး မအေးအေးခိုင်တို့မောင်နှမနှစ်ယောက်က ဒီလ ၁၆ ရက်နေ့မွန်းလွဲအချိန်လောက်မှာ အဝေရာတောဘက်ကို နွားကျောင်းသွားခဲ့တာ။ မအေးအေးခိုင်ကို လူကြီးတစ်ယောက်က တောထဲမှဆွဲခေါ်သွားလို့ဆိုပြီး မောင်ဖြစ်တဲ့ မောင်သန်းဇော်ထိုက်ကရွာပြန်လာပြောတယ်။ ရွာကလူတွေတောထဲကိုလိုက်သွားရှာကြတော့ မအေးအေးခိုင်ကိုတွေ့ခဲ့ကြတယ်”ဟု ဒုန်းတောကျေးရွာသားတစ်ဦးက ပြောကြားသည်။

          “ဒီသတင်းက ချက်ချင်းပြန့်သွားတယ်။ အချို့လူငယ်တွေက ဘယ်ကကောင်လဲ၊ ဘာကောင်လဲဆိုပြီး တောက်တစ်ခေါက်ခေါက်နဲ့ဖြစ်ကြတယ်။ အရင်တုန်းက ရွာဘက်မှာဒီလိုကိစ္စမျိုးတွေမရှိခဲ့ဘူး” ဟုမုံရွာ-ပုသိမ်ကားလမ်းအနီးဥယျာဉ်ခြံလုပ်ကိုင်နေသူဒုန်းတောရွာသားတစ်ဦးက ပြောကြားသည်။

          အဆိုပါ ဖြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဒေသခံလူ့အဖွဲ့အစည်းအချို့ထံဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ပြောဆိုရန် အခက်အခဲရှိကြောင်း၊ ပြောပြဖို့ရန်လည်း အလျင်းမသင့်ကြောင်း၊ အခင်းဖြစ်ပွားမှုအားကြားမိကြောင်း၊ အချက်အလက်စုံလင်စွာမသိရသေးပါကြောင်း ပြောဆိုသည်။

          ယင်းဖြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆားလင်းကြီးရဲစခန်း(ပ)၆၉/၂၀၁၂-ပြစ်မှုပုဒ်မ ၃၆၃ အရအမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အမှုအား ရဲအုပ်လှငွေဆိုသူက စစ်ဆေးလျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခြင်းခံရသူမှာ မြန်မာ-ယမ်စီကြေးနီထုတ်လုပ်ရေးကုမ္မဏီလုံခြုံရေးဝန်ထမ်းဖြစ်သူ ယင်းမာပင်မြို့နယ်၊ သဲတောကျေးရွာနေ(ဘ)ဦးငွေအေး၏သားမောင်ခင်ဇော်လတ် အသက် ၂၄ နှစ်ဆိုသူဖြစ်ကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 The Express Times