Sunday, July 15, 2012

EPS ကိုရီးယားအလုပ်သမားများသိစေရန်

EPS TOPIK  စာမေးပွဲကိုဖြေပြီး ကိုရီးယားကို အလုပ် လာလုပ်မဲ့သူများခင်ဗျာ....ကြားနေရတဲ့ သတင်းတွေကလဲကြောက်စရာဗျာ....ယောယောကို လိုင်းပေါ်က မေးကြတဲ့ သူတွေက လဲ တခါတလေ အချိန်မရတဲ့ကြားက ရှင်းပြပေးဖူးပါတယ်.....သိတဲ့သူတွေများနေသလို.....မသိတဲ့သူတွေကလဲရှိနေကြတာဘဲဗျ......ပြီးခဲ့တဲ့လက စစ်ကိုင်းတိုင်းဘက် အယောက်.......၂၀ ကျော်လောက်အလိမ်ခံလိုက်ရတယ်ဆိုလားဗျာ.....ယောယော   ဂျာနယ်မှာတွေ့လိုက်မိပါတယ်....
တို့မြန်မာတွေကလဲ အလွယ်တော့ကြိုက်သားဗျ.....ဒီလို မသိနားမလည်.......မေးမြန်ချင်းမရှိဘဲ.
.....အခု ပျိုးကြဲ..အခု ကောက်ရိမ်းသိမ်းချင်တဲ့ သူတွေအတွက်...ရွှေမြို့တော်ဆီက ပွဲစားတွေကလဲ ကြိုက်တာပေါ့ဗျာ.....အချောင်ရှာနေတဲ့..ပွဲစားတွေကလဲ ယနေ့ထိရှိနေဆဲဆိုတာကလဲ .....အသိအမြင်နည်းတဲ့ သူတွေကလဲ များနေသေးတာကိုး.....တကယ်တော့.......ကိုရီးယားကိုလာဖို့ဆိုတာ.......မလေးရှား....စင်ကာပူ...ဒူဘိုင်း....စသည့်နိုင်ငံ
တွေကိုသွားသလိုမျိုးလွယ်တာမဟုတ်ပါဘူး....တခြားနိုင်ငံတွေကို passport တွေလုပ်.....ကောလင်းစောင့်...ကျလာတာနဲ့......ငွေချေသွားနိုင်ပါပြီ......ဟုတ်ပါတယ်....ဒါတွေလဲ စောင့်ရတာပါဘဲ.
...ဘယ်ဟာမဆို စောင့်ဆိုင်းရပါတယ်....ကိုရီးယားကိုလာဖို့ ဆိုတာက မလွယ်ဘူးဆိုပေမဲ့......ကံတရားက ဆုံဖြတ်ပေးသလို....လွယ်ပါတယ်....ဘာလဲဆိုတော့.......အရင်က ကိုရီးယားကိုလာဖို့ ဆိုရင်.....သိန်း၇၀ ...၈၀ ပေးပြီးလာကြပါတယ်.....အခု ဒီလောက်ပေးစရာမလိုပါဘူး.....ကုန်ကျငွေက ၁၀ သိန်းအောက်မှာပါ.....
ပွဲစားမလိုပါဘူး.....ဘယ်ပွဲစားကမှလဲ လုပ်လို့မရနိုင်ပါဘူး.....ကျွန်တော် တို့ အစိုးရအေဂျင်စီက အားလုံးချုပ်ကိုင်ထားပါတယ်....ဒီလိုလဘ်စားတာတွေလုပ်ခဲ့လို့......၂၀၀၉....ကနေ ၂၀၁၁...၅ လပိုင်းအထိ ပိတ်ထားခံရပါတယ်.....ငွေကို အချောင်လိုတဲ့ သူတွေနဲ့.......လွယ်လွယ်လာချင်တဲ့ သူတွေကလဲ ....၅၀% လောက်တော့ ရှိနေတာဘဲဗျ........တချို့က ပြောကြပါတယ် ကိုရီးယားကို.....၈ သိန်းလောက်နဲ့.....ဘယ်လိုလုပ်ရမှာလဲတဲ့........ရပါတယ်.....အခု ကျွန်တော်.......၈ သိန်းခွဲနဲ့ ရောက်နေတာပါ......ပထမဦးစွာ.......ကိုရီးယားနိုင်ငံက ဖြေခိုင်းတဲ့ ...EPS TOPIK စာမေးပွဲ....မေးခွန်း....၂၀၀၀ ...အလုပ်စာမေးပွဲကို ဖြေဖို့အတွက်....ကိုရီးယားဘာသာစကားကို.....အခြေခံက စတက်ရပါမယ်.....စာမေးပွဲမှာ အပုဒ် ၅၀ မေးပါတယ်.......အဖတ်စွမ်းရည်နဲ့......အကြားစွမ်းရည်ပါ......ကိုရီးယားဘာသာရေးတတ်ဖို့မလိုပါဘူး.....သိဖို့လိုပါတယ်....ဒါပေမဲ့ ဘာစကားတခုကို ပြီးစလွယ်သင်တာထက်........ပြောတတ်ရေးတတ်အောင် သင်မယ်ဆိုရင် ပိုပြီးအကြိုးရှိပါတယ်.......ဒီလို ကိုရီးယာဘာကို သင်တန်းတက်ဖို့ဆိုရင်တော့...ဘယ်မှမဆို တက်လို့ရပါတယ်....ရွာမှာဘဲ သင်သင်....တောထဲမှာဘဲသင်သင်.....စာမေးပွဲဖြေရင် ရန်ကုန်မှာဘဲဖြေရပါတယ်....စာမေးပွဲမဖြေခင် တလလောက်အလို   နိုင်ငံပိုင်သတင်းစာကနေကျေငြာပါတယ်....စာမေးပွဲဖြေဖို့အတွက်......နိုင်ငံကူးလက်မှတ်လို့ခေါ်တဲ့....passport လိုပါတယ်.....အခု ဆိုရင် passport လုပ်ဖို့အတွက် အထက်မြန်မာပြည်...mandalay မှာ passport ရုံးခွဲဖွင့်လစ်ထားပါပြီ......အရာရာတိုင်းက အရင်ကထက် အားလုံးသာနေပါတယ်..အခုဆိုရင် ကိုရီးယားဘာသာစကားသင်တန်းကလဲ နေရာတိုင်းမှာလိုလိုရှိနေပါတယ်.........ဈေးကြီးတဲ့ သင်တန်းတွေရှိသလို.....ဈေးသက်သာတဲ့ သင်တန်းတွေကလဲ ရှိနေတာဘဲဗျာ.....စာမေးပွဲကလဲ ဒီက ကိုရီးယားက အလုပ်သမားခေါ်တာနည်းပြီးဖြေတဲ့ သူများနေရင် .......အောင်မှတ်က ......များများသတ်မှတ်ကြပါတယ်.........ဒီတော့  ကိုရီးယားဘာသာကို ပြီးစလွယ်မလေ့လာကြပါနဲ့......ကိုရီးယားရောက်တော့လဲ ကိုရီးယားလိုပြောကြရမှာပါ.....ဒီနိုင်ငံမှာ english စကားမသုံးကြပါဘူး.....၀န်ဆောင်ခနဲနဲပေးပြီး......လစာကောင်းကောင်းရတာဆိုလို့ ....ကိုရီးယားက နံပါတ်တစ်ကပါ........ဒီနိုင်ငံ အခြေခံလစာက......၀မ်.....၉၅၇၀၀၀ ပါ.......အိုတီမပါ.....စနေမပါ....ဒါက ပုံမှန်လစာပါ......တချို့သူဌေးတွေက ...အခြေခံလစာကို ၁၀ သိန်းပေးတယ်......အိုတီနဲ့ စနေဆင်းရင်.........၀မ်၁၇ သိန်းလောက်ရကြပါတယ်....လုပ်ရင်လုပ်သလောက်ရကြပါတယ်......အခုဆိုရင် ၀မ်ပေါက်ဈေးကလဲ မြန်မာငွေ.....၁၀ သိန်းကို။။။။။။။။။ဝမ်၁၃သိန်း၅သောင်းပါ.....ကဲဗျာ.....အတိုချုပ်အနေနဲ့......
၁.........ကျန်းမားရေးကောင်းဖို့ လိုပါတယ်.....
၂.........EPS TOPIK စာမေးပွဲကိုဖြေဖို့........EPS TOPIK မေးခွန်း.....၂၀၀၀ သင်တန်းတက်ထားဖို့ လိုပါတယ်
၃.......စာမေးပွဲ....ဖြေရန် ဖေါင်တင်ရန်အတွက်.....နိုင်ငံကူးလက်မှတ်....passport ရှိဖို့ လိုပါတယ်.....
၎.........အသက် ၃၇ မကျော်ရပါ.........၁၈ နှစ်အောက် မငယ်ရပါ
၅...........ပွဲစားမလိုပါ......ဘယ်ပွဲစားကမှ လုပ်မပေးနိုင်ပါ....ဒါလေးတော့ သတိထားကြပါ.......
ဖေါင်တင်.....ငွေသွင်း....စာချုပ်လုပ်တာ......ရန်ကုန်..မရမ်းကုန်းမြို့နယ်က........၈ မိုင်.......အစိုးရအလုပ်သမားအေဂျင်စီမှာပါ
အော်ပါ ၀တ်ဆိုက်လိပ်စာများမှာလဲလေ့လာနိုင်ပါတယ်.....
click hearကိုရီးယား EPS အလုပ်သမားများအတွက်.....EPS လုပ်သားလောင်းများလေ့လာရန်

အားလုံးအဆင်ပြေပြီး ကိုရီးယားမှာ ဆုံတွေနိုင်ကြပါစေလို့..........ဆုမွန်ချွေလျှ့က်.........yawmyay......


No comments:

Post a Comment