Sunday, July 22, 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ...အပိုင်း ၃

ကိုယ့်ဘ၀ကို တကယ်ပိုကောင်းအောင် လုပ်တဲ့အခါမှာ...သေချာတဲ့နေရာကစပါ။ စိတ်ထားကောင်းအောင်အရင်လုပ်ပါ။တည်င်ြမ်အေးချမ်းအောင်.ရိုးသားဖြောင့်မတ်အောင် ကိုယ်ချင်းစာတတ်အောင်.ကူညီတတ်အောင် မနာလိုဝန်တိုစိတ် နဲအောင်
မုဒိတာများအောင်.တစ်ကိုယ်ကောင်းမဆန်အောင်.ခွင့်လွတ်တတ်အောင်.အကောင်းဘက်ကမြင်တတ်အောင် နေ့စဉ်
သတိနဲ့စိတ်ကိုစောင့်ကြည့်ရင်းလေ့ကျင့်ယူပါ။
ဝမ်းနည်းဝမ်းသာများလွန်းတဲ့သူဟာဘ၀လမ်းကြောင်းကွေ့ကောက်သွားတယ်။ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့.၀မ်းနည်းဝမ်းသာဖြစ်တာတွေ.ကျေနပ်တာမကျေနပ်တာဖြစ်တာတွေကိုအဖြစ်နည်းအောင်နေနိုင်သူ
  ရဲ့စိတ်ဟာ ကြည်လင်အေးချမ်းမှုပိုရှိလာတယ်။ ကြည်လင်အေးချမ်းတဲ့ စိတ်နဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုဖြောင့်ဖြောင့်သွားလို့ရပါတယ်။
သတိနဲ့ နေတဲ့ အလေ့အကျင့်ကို စွဲစွဲမြဲမြဲနေ့စဉ် သတိရတိုင်းလေ့ကျင့်သူဟာ စိတ်ခံစားမှု ပိုကောင်းလာတယ်။ လိုချင်နေတဲ့ စိတ်အမျိုးမျိုး.လိုချင်တာမရမှာစိုးရိမ်တဲ့.စိတ်အမျိုးမျိုး.လိုချင်တာရတဲ့အခါ
ဖြစ်တဲ့ ပျော်ရွှင်မှု.ကျေနပ်မှု..မာန...စတဲ့စိတ်ရဲ့ သဘာဝတွေကိုလဲပိုသိလာတယ်။အဲဒီအခါမှာ ဖြစ်သမျှကို ဘေးကနေ ပွဲကြည့်ပရိတ်သတ်လိုသဘောထားမျိုး နဲ့အေးအေးဆေးဆေးကြည့်နိုင်တယ်။
အဲဒီလိုပွဲကြည့်ပရိတ်သတ်လိုဘာမှဝင်မစွတ်ဘဲအေးအေးဆေးဆေးကြည့်နိုင်တဲ့အရည်အချင်းဟာ အင်မတန်မှ အရေးကြီးတဲ့ တန်ဆိုးရှိတဲ့အရည်အချင်းဖြစ်တယ်။အဲဒီလိုကြည့်နိုင်လေ အမြင်ရှင်းလေဘဲ။ အမြင်ရှင်းလေလေ အသိညဏ်အဆင့်အတန်းမြင့်မားလေဘဲ။အဆင့်အတန်းမြင့်မားလေလေစိတ်မှာလွတ်လပ်မှုပိုရှိလာလေလေဖြစ်မယ်....
စိတ်ထားတွေကို တည်ငြိမ်အောင်.....စိတ်ချမ်းသာအောင်.တကယ်အဆင့်အတန်းမြင့်တဲ့ စိတ်ထားတွေ လုပ်ချင်တယ် ပိုင်ဆိုင်ချင်တယ်ဆိုရင်သတိနေတဲ့ အကျင့်ကိုလုပ်မှဖြစ်မယ်။ဒီလို သတိနဲ့ နေတဲ့ အကျင့်ကို 
လုပ်လေလေ ကိုယ့်ရဲ့Philosophy of life ဘ၀အမြင်တွေ ခံယူချက်တွေ. သဘောထားတွေ ပိုပြီးပီပြင်လေဖြစ်လာပါတယ်ငါဘာအတွက် အသက်ရှင်နေတာလဲဆိုတာပိုပြီးတော့ရှင်းရှင်းလင်းလင်းသိလာတယ်။ငါ ဘာအတွက် အသက်ရှင်နေတာလဲဆိုတာကို သေသေချာချာသိရတာဟာ တော်တော် စိတ်ချမ်းသာစရာကောင်းပါတယ်.........အပိုင်း...၄ ကို မျှော်.......ယောမြေ


No comments:

Post a Comment